Local: ဇွဲကပင်အသင်း မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်တော့မည် မဟုတ်

အသင်းကိုတော့ ဖျက်သိမ်းဦးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

play

 

မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ ကရင်ပြည်နယ်ကိုယ်စားပြု ဇွဲကပင်ယူနိုက်တက်အသင်းဟာ လာမယ့် ဘောလုံးရာသီကစလို့ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။

သြဂုတ်လ ၂၂ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ကလပ်အသင်းအစည်းအဝေးမှာ အသင်းဥက္ကဌက အခုလို ဆုံးဖြတ်ပြီးပြောကြားလိုက်တာဖြစ်ကြောင်း အသင်းရဲ့ တရားဝင်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။ မြန်မာ့ဘောလုံးလောကတိုးတက်ရေးအတွက် ရည်ရွယ်ကို အသင်းကို တည်ထောင်ခဲ့ပေမယ့် မြန်မာ့လက်ရွေးစင် အသင်းအတွက် လက်ရွေးစင်ကစားသမား မွေးထုတ်ပေးနိုင်မှု ရှားပါးခဲ့တဲ့အတွက် အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ကြောင်း အသင်းဥက္ကဌဦးလှဋ္ဌေးက ပြောခဲ့တယ်လို့ တရားဝင်ထုတ်ပြန်ကြေငြာချက်ထဲမှာ ပါရှိပါတယ်။

play

 

မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခြင်း မပြုတော့ဖို့ ဆုံးဖြတ်လိုက်ပေမယ့် အသင်းကိုတော့ မဖျက်သိမ်းပဲ ဆက်လက်ထားရှိသွားမယ်လို့ ဆိုပါတယ်။ အသင်းမှာ စာချုပ်ပြည့်တဲ့ ကစားသမားတွေကို ထွက်ခွာခွင့် ပေးမှာ ဖြစ်ပြီး စာချုပ်ကျန်တဲ့ကစားသမားတွေအတွက်လည်း စာချုပ်ချုပ်ထားတဲ့အတိုင်း ဆောင်ရွက်ပေးမယ်လို့ ဆိုပါတယ်။ လူငယ်ဘောလုံးသမား မွေးထုတ်ရေးစီမံကိန်းကိုတော့ ဆက်လုပ်မယ်လို့ ဆိုပါတယ်။

“ကျွန်တော့အနေနဲ့ မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲကိုသာ ၀င်ရောက်ယှဉ်ပြိုင်လိုခြင်းမရှိတော့တာပါ ဇွဲကပင် ယူနိုက်တက်ဘောလုံးအသင်းကိုတော့ ဖျက်သိမ်းမှာမဟုတ်ပဲ မျိုးဆက်သစ် လူငယ်ကစားသမား ကောင်းများစွာမွေးထုတ်ပေးနိုင်ဖို့ အတွက် လူငယ်အကယ်ဒမီ သင်တန်းကျောင်းကို ဆက်လက်ဖွင့်လှစ် ဆောင်ရွက်သွားမှာပါ။ အခုတည်ဆောက်နေတဲ့ န၀ဒေးကွင်းသစ် စီမံကိန်း ပြီးစီးခဲ့ရင် ကစားသမားတွေ အ တွက် သုံးထပ်ဆောင်လည်း ပါဝင်မှာဖြစ်တဲ့အတွက် အကယ်ဒမီ စီမံကိန်းကိုတော့ ပီပီပြင်ပြင် ဆောင်ရွက် သွားမှာပါ။အခုလို ဆုံးဖြတ်လိုက်ရတာကလည်း ကျွန်တော့အနေနဲ့ ရည်ရွယ်ချက်ပြောင်းလဲတာ မဟုတ်ပဲ အခုလုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်နဲ့ မအောင်မြင်ပဲ ဖြစ်နေတဲ့ အပေါ် အခြားတစ်ဖက်ကို ထပ်ပြီး ကြိုးစားအဖြေရှာကြည့်ချင်တာကြောင့်ပါ" လို့ အသင်းဥက္ကဌ  ဦးလှဋ္ဌေးက ပြောပါတယ်။

Source : Zwekapin United Football Club

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ