Local: ၂၀၁၆ မြန်မာလိဂ်ဂိုးသွင်းဘုရင်ဆုကို ၀င်းနိုင်စိုးနဲ့ ပြည်ပကစားသမားနှစ်ဦး ပူးတွဲရရှိ

အမေရိကန် ဒေါ်လာ ၂,၀၀၀ ကိုတော့ အချိုးကျခွဲဝေပေးမှာဖြစ်ပါတယ်။

play

 

၂၀၁၆ အူရီးဒူး မြန်မာနေရှင်နယ်လိဂ် ဂိုးသွင်းဘုရင်ဆုကို ရတနာပုံအသင်း တိုက်စစ်မှူးတွေဖြစ်တဲ့  ၀င်းနိုင်စိုး၊ ကိသ်မာတူနက်နဲ့ ဧရာဝတီအသင်းတိုက်စစ်မှူး ခရစ္စတိုဖာတို့က ပူးတွဲရရှိခဲ့တယ်လို့ သိရပါတယ်။

 သွင်းဂိုး ၁၆ ဂိုးစီနဲ့ ပူးတွဲရရှိခဲ့ကြတာဖြစ်ပြီး ဂိုးသွင်းဘုရင်ဆုကို သုံးဦးတစ်ပြိုင်တည်း ရရှိခြင်းမှာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။  ဂိုးသွင်းဘုရင်ဆုရရှိခဲ့တဲ့ ကစားသမားသုံးဦးကို  တစ်ဦးစီ ဆုဖလားပေးအပ်မှာ ဖြစ်ပေမဲ့ ချီးမြှင့်မယ် အမေရိကန် ဒေါ်လာ ၂,၀၀၀ ကိုတော့ အချိုးကျခွဲဝေပေးမှာဖြစ်တယ်လို့ သိရပါတယ်။ 

 ဂိုးသွင်းဘုရင်ဆုကို မြန်မာကစားသမားတွေ မရယူနိုင်တာဟာ ခြောက်နှစ်ရှိနေပြီး ဝင်းနိုင်စိုးက ပြန်လည်ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဝင်းနိုင်စိုးဟာ ယခုနှစ်ရာသီ လိဂ်ပြိုင်ပွဲနဲ့ ရှုံးထွက် ပြိုင်ပွဲနှစ်ရပ်မှာ ဟက်ထရစ် သုံးကြိမ်ရယူထားပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ