Local: ထိုင်းအသင်းကို အနိုင်ရဖို့ ကြိုးစားမယ်လို့ ယူ ၁၉ နည်းပြ ဦးမျိုးလှိုင်ဝင်းပြော

ဘောလုံးပွဲဆိုတာ ဘာမဆိုဖြစ်သွားနိုင်တယ်လို့ ယူ ၁၉ နည်းပြ ဦးမျိုးလှိုင်ဝင်းက ပြောထားပါတယ်။

play

 

မြန်မာအသင်းဟာ ဗိုလ်လုပွဲကိုတက်ဖို့  မျှော်လင့်ချက် ရှိနေဆဲဖြစ်ပြီး ထိုင်းအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် အုပ်စုနောက်ဆုံးပွဲစဉ်ကို အနိုင်ရဖို့ ကြိုးစားမယ်လို့ နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက ပြောထားပါတယ်။ 7Day Daily ရဲ့ ဖော်ပြချက်အရ နောက်ဆုံးပွဲစဉ်မှာ အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်သွားမှာဖြစ်ပြီး  ဘောလုံးပွဲဆိုတာ ဘာမဆိုဖြစ်သွားနိုင်တယ်လို့ ယူ ၁၉ နည်းပြ ဦးမျိုးလှိုင်ဝင်းက ပြောထားပါတယ်။

 ယူ-၁၉ လေးနိုင်ငံဖိတ်ခေါ်ပွဲရဲ့ အုပ်စုဒုတိယပွဲစဉ်တွေအပြီးမှာ ဗီယက်နမ်က ရမှတ်လေးမှတ်နဲ့ ဦးဆောင်ထားပါတယ်။ ဆာပေါ်ရို ယူ-၁၈ နဲ့ ထိုင်း ယူ-၁၉ အသင်းတို့က ရမှတ်သုံးမှတ်စီရထားပြီး အိမ်ရှင်မြန်မာ ယူ- ၁၉ အသင်းက ရမှတ်တစ်မှတ် ရရှိထားပါတယ်။

  ပြိုင်ပွဲကျင်းပပုံစနစ်အရ အုပ်စုနောက်ဆုံးပွဲများ အပြီးမှာ အမှတ်အများဆုံးရတဲ့ နှစ်သင်းက ဗိုလ်လုပွဲနဲ့ အမှတ် အနည်းဆုံးရတဲ့ နှစ်သင်းက တတိယနေရာလုပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Photos & Source: 7Day Daily, MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ