Local: ထိုင်းကို နိုင်ပေမဲ့ မြန်မာ ယူ ၁၉ ဗိုလ်လုပွဲ မတက်

ရမှတ်လေးမှတ်စီ တူညီပေမဲ့  ဂိုးကွာခြားချက်နဲ့ ဆာပေါ်ရိုယူ-၁၈ အသင်းက ဗိုလ်လုပွဲတက်သွားခဲ့တာ ဖြစ်ပါတယ်။

play

 

ယူ-၁၉ လေးနိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်မှာ မြန်မာက ထိုင်းအသင်းကို အနိုင်ရပေမဲ့ ဗိုလ်လုပွဲ တက်ရောက်ခွင့် လွဲချော်ခဲ့ကာ တတိယနေရာလုပွဲသာ ကစားရမှာ ဖြစ်ပါတယ်။ မြန်မာယူ-၁၉ အသင်းက ထိုင်းယူ-၁၉ အသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရပေမဲ့ ဂျေလိဂ်ဆာပေါ်ရိုယူ-၁၈ အသင်းနဲ့ ဗီယက်နမ်ယူ-၁၉ အသင်းတို့ ပွဲဟာ  တစ်ဂိုးစီသရေကျခဲ့တာ ဖြစ်ပါတယ်။

ဆာပေါ်ရို ယူ-၁၈ အသင်းနဲ့  မြန်မာယူ-၁၉ အသင်းတို့ဟာ ရမှတ်လေးမှတ်စီ တူညီပေမဲ့  ဂိုးကွာခြားချက်နဲ့ ဆာပေါ်ရိုယူ-၁၈ အသင်းက ဗိုလ်လုပွဲတက်သွားခဲ့တာ ဖြစ်ပါတယ်။ ပြိုင်ပွဲ ကျင်းပတဲ့ စနစ်အရ အမှတ်အများဆုံးရရှိတဲ့ နှစ်သင်းဟာ ဗိုလ်လုပွဲ လုရမှာဖြစ်ပြီး  ကျန်နှစ်သင်းက တတိယနေရာလုပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်တာကြောင့် မြန်မာအသင်းဟာ ထိုင်းအသင်းနဲ့ တတိယနေရာ လုရမှာ ဖြစ်ပါတယ်။

Photos & Source: 7Day Daily, MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ