Local: ဇေယျာရွှေမြေအသင်းနဲ့ မနောမြေအသင်း မြန်မာလိဂ်ကနေ နုတ်ထွက်မယ်

, updated

ဘဏ္ဍာရေး အခြေအနေကြောင့် မြန်မာလိဂ်ပြိုင်ပွဲတွေကို ၀င်မပြိုင်တော့တာပါ။

play
မြန်မာလိဂ်ပြိုင်ပွဲတွေကနေ နုတ်ထွက်ရန်စာတင်ထားသည့် ဇေယျာရွှေမြေအသင်း။

 

၂၀၁၆ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင် ဇေယျာရွှေမြေအသင်းနဲ့ ၂၀၁၆ မြန်မာနေရှင်နယ် လိဂ်-၂ ချန်ပီယံမနောမြေအသင်း တို့အနေနဲ့ လာမယ့် ၂၀၁၇ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်တာတွေ မလုပ်တော့ဘူးလို့ သိရပါတယ်။

လိဂ်-၂ ချန်ပီယံ မနောမြေအသင်းကတော့ ဘဏ္ဍာရေး အခြေအနေကြောင့် မြန်မာလိဂ်ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်နိုင်တော့မှာ မဟုတ်ဘူးလို့ လွန်ခဲ့တဲ့ လေးလကျော်ကတည်းက မြန်မာလိဂ်ကော်မတီကို တရားဝင် စာတင်ထားတယ်လို့  မြန်မာနေရှင်နယ်လိဂ်ကော်မတီကနေ သိရပါတယ်။

play

 

မြန်မာလိဂ်ကလပ် ဇေယျာရွှေမြေအသင်းက အိမ်ကွင်းအဖြစ် အသုံးပြုခဲ့တဲ့  မုံရွာဘောလုံးကွင်းကို တိုင်းဒေသကြီးလွှတ်တော်က ပြန်တောင်းတာ ခံခဲ့ရတဲ့အပြင် ဘောလုံးလောက တိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းကနေ ပါဝင်ဆောင်ရွက်ခဲ့ရာမှာ အသိအမှတ် အပြုမခံရလို့ ပြိုင်ပွဲတွေကနေ နုတ်ထွက်ခဲ့တာလို့ အသင်းပိုင်ရှင် ဦးသူရိန်က ပြောပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်ကိုယ်စားပြု မနောမြေအသင်းကလည်း ငွေကြေးအခက်အခဲကြောင့် အသင်းရဲ့ကစားသမားတွေကို လစာ မပေးနိုင်တာ သုံးလရှိနေပြီလို့ အသင်းတာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

Source : 7DayDaily

Photos :  MNL

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ