Local: မြန်မာအသင်းရဲ့ဥရောပခရီးစဉ် ကျပ်သိန်း ၄၅၀၀ နီးပါးကုန်ကျမယ်

ခြေစမ်းပွဲကိုးပွဲအထိ ကစားသွားမှာပါ။

play

 

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ဆူဇူကီးဖလားအကြိုပြင်ဆင်တဲ့အနေနဲ့ ဥရောပနိုင်ငံတွေက သွားရောက်လေ့ကျင့်မယ့် မြန် မာ့လက်ရွေးစင်အသင်းအတွက် ကျပ်သိန်း ၄,၄၀၀ ခန့် ကုန်ကျစရိတ်ရှိမယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောပါတယ်။

‘‘ဥရောပခရီးစဉ်အတွက် ကုန်ကျစရိတ်က ဒေါ်လာသုံးသိန်း ခြောက်သောင်းကျော်လောက်ရှိမယ်။ မြန်မာငွေနဲ့ဆိုရင်တော့ သိန်း ၄,၄၀၀ ကျော်လောက်ရှိ မယ်’’လို့ ဦးကိုကိုသိန်းက ပြောပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းက စက်တင်ဘာ ၁၃ ရက်ကနေ အောက်တိုဘာ ၁၇ ရက်အထိ ဥရောပနိုင်ငံတွေကို သွားရောက် လေ့ကျင့်မှာ ဖြစ်ပြီးခရီးစဉ်အတွင်း နယ်သာလန်ပြည်တွင်းလိဂ် ပထမတန်း၊ ဒုတိယတန်း ကလပ်အသင်းတွေ၊ ဘယ်လ်ဂျီယံနိုင်ငံ ပြည်တွင်းလိဂ် တတိယတန်း ကလပ်အသင်းတွေ အပါအ၀င် ဆိုက်ပရပ်စ်နိုင်ငံ သက်တမ်းအလိုက် လက်ရွေးစင်အသင်းတွေနဲ့ ခြေစမ်းပွဲကိုးပွဲ ကစားမယ်လို့ သိရပါတယ်။

Source : 7DayDaily

Photos :MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ