Local: တိုယိုတာမဲခေါင်ဖလားပြိုင်ပွဲ မြန်မာလိဂ်ချန်ပီယံ ရတနာပုံအသင်း ယှဉ်ပြိုင်မယ်

ဗိုလ်စွဲတဲ့အသင်းကို ဆုကြေးငွေ အမေရိကန် ဒေါ်လာ ၇၅,၀၀၀ ချီးမြှင့်မှာပါ။

play

 

အာဆီယံဒေသတွင်း နိုင်ငံတွေက ကလပ်အသင်းတွေ ၀င်ရောက်ယှဉ်ပြိုင်မယ့် ၂၀၁၆ တိုယိုတာမဲခေါင်ဖလားပြိုင်ပွဲကို မြန်မာလိဂ်ချန်ပီယံ ရတနာပုံအသင်းဝင်ရောက် ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။

တိုယိုတာမဲခေါင်ဖလားပြိုင်ပွဲကို လာမယ့် နိုဝင်ဘာလဆန်းပိုင်းမှာ စတင်ကျင်းပမှာဖြစ်ပြီး  ပြိုင်ပွဲကို အဆင့်သုံးဆင့်ခွဲခြားထားကာ ရတနာပုံအသင်းက ပထမအဆင့်မှာ လာအို၊ ဗီယက်နမ်နိုင်ငံတွေက ပြည်တွင်းလိဂ်ချန်ပီယံအသင်းတွေနဲ့ ပတ်လည်ယှဉ်ပြိုင်ရမယ်လို့ သိရပါတယ်။

play

 

ပထမအဆင့် အဖွင့်ပွဲအနေနဲ့ နိုဝင်ဘာ ၅ ရက်မှာ လာအိုကလပ်နှင့် ဗီယက်နမ်ကလပ်၊ ဒီဇင်ဘာ ၂၃ ရက်မှာ ဗီယက်နမ်ကလပ်နဲ့ ရတနာပုံအသင်း၊ ဒီဇင်ဘာ၂၇ ရက်မှာ ရတနာပုံအသင်းနဲ့  လာအိုကလပ်တို့ ယှဉ်ပြိုင်ကြမယ်လို့ ဆိုပါတယ်။

မဲခေါင်ဖလား ပထမအဆင့်မှာ အမှတ်အများဆုံးရရှိတဲ့အသင်းက အကြိုဗိုလ်လုပွဲမှာ ကမ္ဘောဒီးယားပြည်တွင်း လိဂ်ချန်ပီယံအသင်းနဲ့ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အနိုင်ရရှိတဲ့အသင်းက ထိုင်းပရီးမီးယားလိဂ် ချန်ပီယံအသင်းနဲ့ ဗိုလ်လု ပွဲယှဉ်ပြိုင်ရမှာဖြစ်ကာ ဗိုလ်လုပွဲကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ယှဉ်ပြိုင်ရမယ်လို့ သိရပါတယ်။

play

 

၂၀၁၆ တိုယိုတာ မဲခေါင်ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲတဲ့အသင်းကို ဆုကြေးငွေ အမေရိကန် ဒေါ်လာ ၇၅,၀၀၀၊ ဒုတိယ အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ချီးမြှင့်မယ်လို့ ဆိုပါတယ်။

Source : 7Daydaily

Photos : vietnam.net

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ