Local: လေးနိုင်ငံ ဖူဆယ်ဖိတ်ခေါ်ပြိုင်ပွဲမှာ မြန်မာ စတုတ္ထရ

  မြန်မာ၊ အင်ဒိုနီးရှား၊ တရုတ်နဲ့ အီဂျစ်လက်ရွေးစင်ဖူဆယ်အသင်းတွေ ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

play

 

တရုတ်နိုင်ငံမှာ ကျင်းပတဲ့ လေးနိုင်ငံဖိတ်ခေါ်ဖူဆယ်ပြိုင်ပွဲမှာ မြန်မာအသင်းဟာ စတုတ္ထ ရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ၂၀၁၆ လေးနိုင်ငံဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲကို  သြဂုတ် ၂၆ ရက်မှ ၂၈ ရက် အထိ ဟူနန်ပြည်နယ် ချန်ရှာမြို့မှာ ကျင်းပခဲ့တာဖြစ်ပြီး   မြန်မာ၊ အင်ဒိုနီးရှား၊ တရုတ်နဲ့ အီဂျစ်လက်ရွေးစင်ဖူဆယ်အသင်းတွေ ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာဖူဆယ်အသင်းဟာ အုပ်စုပတ်လည် ယှဉ်ပြိုင်ရာမှာ  အင်ဒိုနီးရှားအသင်းကို ၃-၁ ဂိုး၊ တရုတ်အသင်းကို ၂-၁ ဂိုး၊ အီဂျစ်အသင်းကို ၆-၂ ဂိုးတို့နဲ့  ရှုံးနိမ့်ခဲ့ပြီး  ပြိုင်ပွဲဝင်လေးသင်းအနက် အောက်ဆုံးအဆင့်မှာ ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။ တတိယကြိမ်မြောက်ကျင်းပတဲ့ အဆိုပါပြိုင်ပွဲမှာ အီဂျစ်လက်ရွေးစင်ဖူဆယ်အသင်းက ဗိုလ်စွဲခဲ့ပါတယ်။

Source: 7Day Daily
Photos : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ