Local: ၂၀၁၇ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာဘောလုံးအသင်းကို ဦးကြည်လွင် ကိုင်တွယ်မယ်

၂၀၁၇ ဆီးဂိမ်းပြိုင်ပွဲမှာ အမျိုးသားဘောလုံး ပြိုင်ပွဲကို ယူ-၂၂ ပြိုင်ပွဲအနေနဲ့ ကျင်းပသွားမှာပါ။

play

 

မလေးရှားနိုင်ငံမှာ ကျင်းပမယ့် (၂၉) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း)ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မယ့် မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်း နည်းပြချုပ်အဖြစ် မကွေးအသင်းနည်းပြချုပ် ဦးကြည်လွင်က တာဝန်ယူသွားမယ်လို့ သိရပါတယ်။

‘‘ဆီးဂိမ်းပြိုင်ပွဲ ၀င်ပြိုင်ဖို့အတွက် ဦးကြည်လွင်ကို နည်းပြချုပ်အဖြစ် တာဝန်ပေးထားတယ်။ ပြိုင်ပွဲက ၂၀၁၇ သြဂုတ်မှဆိုတော့ ပြင်ဆင်ချိန် လုံလောက်စွာရပါတယ်’’လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောပါတယ်။

၂၀၁၇ ဆီးဂိမ်းပြိုင်ပွဲမှာ အမျိုးသားဘောလုံး ပြိုင်ပွဲကို ယူ-၂၂ ပြိုင်ပွဲအဖြစ် ပြောင်းလဲကျင်းပဖို့ အတည်ပြုထားပြီး လက်ရှိမှာ ယူ-၂၂ အသင်းကို မဖွဲ့ရသေးပေမဲ့ ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် မြန်မာအသင်းက ကစားသမားတွေနဲ့  အဓိက ဖွဲ့စည်းသွားမှာဖြစ်ပြီး ဆီးဂိမ်းပြိုင်ပွဲက အသက်မီတဲ့ ကစားသမားတွေကိုလည်း ခေါ်ယူသွားမယ်လို့ ဆိုပါတယ်။

Source : 7DayDaily

Photos : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ