Local: အာရှတက္ကသိုလ်ဘောလုံးပြိုင်ပွဲမှာ မြန်မာအသင်း နှစ်ပွဲဆက်ရှုံး

, updated

မြန်မာအသင်းခေါင်းဆောင်  နေမျိုးထွေးဟာ ကစားပုံကြမ်းတမ်းခဲ့တာကြောင့် နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

play

 

တောင်ကိုရီးယားနိုင်ငံ  Teabaek မြို့မှာ ကျင်းပနေတဲ့  တတိယအကြိမ်မြောက် အာရှတက္ကသိုလ် ဘောလုံးပြိုင်ပွဲမှာ မြန်မာအသင်းဟာ နှစ်ပွဲဆက် ရှုံးနိမ့်ခဲ့တယ်လို့ သိရပါတယ်။ အုပ်စု (ဂ) ရဲ့နောက်ဆုံးပွဲအဖြစ် မြန်မာအသင်းနဲ့ အိုမန်အသင်းတို့ ယှဉ်ပြိုင်ကြရာမှာ   မြန်မာတက္ကသိုလ်အသင်းဟာ အိုမန်အသင်းကို ၄-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

စက်တင်ဘာ ၃ ရက်နေ့က ကျင်းပခဲ့တဲ့ အဆိုပါ ပွဲမှာ အိုမန်အသင်းက ပထမပိုင်းမှာ ၃-၀ နဲ့ ဦးဆောင်ခဲ့တာဖြစ်ပြီး မြန်မာက ဒုတိယပိုင်းမှာ ၂  ဂိုးပြန်သွင်းခဲ့တာ ဖြစ်ပါတယ်။  မြန်မာအသင်းခေါင်းဆောင်  နေမျိုးထွေးဟာ ကစားပုံကြမ်းတမ်းခဲ့တာကြောင့် နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

  မြန်မာတက္ကသိုလ်အသင်းဟာ အုပ်စုအဖွင့်ပွဲမှာ တရုတ်အသင်းကိုလည်း ၁-၀ ဂိုးနဲ့  ရှုံးနိမ့်ထားပြီး နှစ်ပွဲဆက် ရှုံးပွဲ ရှိထားတာ ဖြစ်ပါတယ်။  တတိယအကြိမ်မြောက် အာရှတက္ကသိုလ် ဘောလုံးပြိုင်ပွဲကို အသင်းပေါင်း ၁၂ သင်းနဲ့ အုပ်စုလေးစုခွဲ ကျင်းပတာ ဖြစ်ပါတယ်။

Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ