Local: အာရှဝူရှူးချန်ပီယံရှစ်ပြိုင်ပွဲမှာ မြန်မာ ရွှေတံဆိပ်ရရှိ

အေးသစ္စာမြင့်က နန်းကွမ်ပြိုင်ပွဲမှာ  ရွှေတံဆိပ်ရရှိခဲ့တာ ဖြစ်ပါတယ်။

play

 

(၉)ကြိမ်မြောက် အာရှဝူရှူး ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ စတုတ္ထနေ့မှာ မြန်မာနိုင်ငံက ရွှေတံဆိပ်တစ်ခုနဲ့ ငွေတံဆိပ်တစ်ခု ရရှိခဲ့တယ်လို့ သိရပါတယ်။

 မြန်မာဝူရှူး အားကစားအဖွဲ့မှ အေးသစ္စာမြင့်က နန်းကွမ်ပြိုင်ပွဲမှာ  ရွှေတံဆိပ်တစ်ခုနဲ့ နန်းခွန်ပြိုင်ပွဲမှာ  ကြေးတံဆိပ်တစ်ခုရရှိခဲ့တာဖြစ်ပြီး နှစ်ယောက်တွဲ အတိုက်ပြိုင်ပွဲမှာ မြတ်သက်ဆုဝေဖြိုးနှင့် အေးသစ္စာမြင့်တို့က ငွေတံဆိပ်တစ်ခု ရရှိခဲ့တာ ဖြစ်ပါတယ်။

အာရှဝူရှူးပြိုင်ပွဲကို တိုင်ပေက Taoyuan မြို့မှာ စက်တင်ဘာ ၁ ရက်ကနေ ၅ ရက်အထိ ကျင်းပနေတာဖြစ်ပြီး  ထောက်လု(သရုပ်ပြ)မှာ အမျိုးအစား ၁၅ ခုနဲ့ ဆန်းဆို (အတိုက်)မှာ အမျိုးအစား ၁၇ ခု ကျင်းပနေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံက ငြိမ်းချမ်းကိုကို၊ စန္ဒီဦး၊ မြတ်သက်ဆုဝေဖြိုးနဲ့ အေးသစ္စာမြင့်တို့က ထောက်လုပြိုင်ပွဲအမျိုးအစားတွေမှာ ဝင်ရောက်ယှဉ်ပြိုင်နေကြတာဖြစ်တယ်လို့ သိရပါတယ်။

 မြန်မာ့လက်ရွေးစင်ကစားသမားတွေဟာ  တရုတ်နည်းပြနဲ့ လေ့ကျင့်ပြင်ဆင်နေတာဖြစ်ပြီး (၂၉)ကြိမ်မြောက် မလေးရှားဆီးဂိမ်းပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့လည်း ၀င်ရောက်ယှဉ်ပြိုင်တာဖြစ်ပါတယ်။

Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ