Local: မည်သည့်ကစားသမားနဲ့မဆို ယှဉ်နိုင်အောင် ပြင်ဆင်ထားတယ်လို့ အောင်လအန်ဆန်ပြော

အကောင်းဆုံးလုပ်ဆောင်ချက်တွေနဲ့ အနိုင်ရရှိဖို့ ကြိုးစားသွားမယ်။

play

 

 ရန်ကုန်မြို့မှာ ကျင်းပမဲ့ One Championship(MMA) ပြိုင်ပွဲမှာ အောင်လအန်ဆန်ဟာ ပိုလန်နိုင်ငံသား မိုက်ကယ်ပက်စတာနာ့ခ်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ဘယ်ကစားသမားနဲ့မဆို ယှဉ်ပြိုင်နိုင်အောင် ပြင်ဆင်ထားတယ်လို့ အောင်လက ပြောထားပါတယ်။ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် အောင်လအန်ဆန်နဲ့ ရုရှားနိုင်ငံသား Bigdash တို့ ယှဉ်ပြိုင်ဖို့ စီစဉ်ခဲ့ပေမဲ့  အဆိုပါတွဲဆိုင်းမှာ မဖြစ်တာကြောင့် ပိုလန်နိုင်ငံသားနဲ့ ပြောင်းလဲယှဉ်ပြိုင်တာဖြစ်ပါတယ်။

play

 

 ပြိုင်ပွဲအတွက် တော်တော်လေး စိတ်လှုပ်ရှားနေပြီး အကောင်းဆုံးလုပ်ဆောင်ချက်တွေနဲ့ အနိုင်ရရှိဖို့ ကြိုးစားသွားမယ်လို့လည်း အောင်လအန်ဆန်က ပြောပါတယ်။ 

အဆိုပါ MMA ပြိုင်ပွဲကို လာမယ့် အောက်တိုဘာ ၇ ရက်နေ့မှာ ရန်ကုန်မြို့ အမျိုးသားအားကစားရုံ ပြိုင်ပွဲရုံ (၁) မှာ ကျင်းပမှာ ဖြစ်ပါတယ်။ မစ်ဒယ်ဝိတ်တန်းမှာ အောင်လအန်ဆန်နဲ့ မိုက်ကယ်ပက်စတာနာ့ခ်တို့ တွဲဆိုင်းအပြင်  စထရောဝိတ်တန်းကမ္ဘာ့ချန်ပီယံ ဂျပန်နိုင်ငံသား ယိုရှီတာကာနဲ့ စိန်ခေါ်သူ ဖိလစ်ပိုင်နိုင်ငံသား ပါစီယိုတို့ ပွဲစဉ်ကိုလည်း ကျင်းပမှာ ဖြစ်ပါတယ်။

Source: 7Day Daily
Photos : Aung La Nsang(Burmese Python) Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ