Local: အောင်လအန်ဆန်ကိုအနိုင်ယူဖို့ နှစ်ဆကြိုးစားမယ်လို့ မိုက်ကယ်ပက်စတာနာ့ခ်ပြော

မိုက်ကယ်ဟာ MMA ပြိုင်ပွဲပေါင်း ၁၁ ပွဲကစားပြီး ၁ ပွဲသာ ရှုံးထားသေးတာလည်း ဖြစ်ပါတယ်။

play

 

အောင်လအန်ဆန်ကို အနိုင်ယူဖို့ နှစ်ဆကြိုးစားသွားမှာဖြစ်တယ်လို့  ပိုလန်နိုင်ငံသား မိုက်ကယ်ပက်စတာနာ့ခ်က ပြောကြားလိုက်ပါတယ်။

အောင်လက ကစားသမားကောင်းတစ်ဦးဖြစ်ပေမဲ့ ဒီပွဲမှာ အနိုင်ရရှိဖို့အတွက် ၁၀၀ ရာခိုင်နှုန်းမဟုတ်ဘဲ၂၀၀ ရာခိုင်နှုန်းထိ ကြိုးစားသွားမှာ ဖြစ်တယ်လို့ မိုက်ကယ်ပက်စတာနာ့ခ်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားတာ ဖြစ်ပါတယ်။ 

play

 

ပွဲကြိုသတင်းစာရှင်းလင်းပွဲကို စက်တင်ဘာ ၆ ရက်က ရန်ကုန်မြို့ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်မှာ ကျင်းပခဲ့တာ ဖြစ်ပြီး  မြန်မာနိုင်ငံမှာရှိတဲ့ MMA ပရိသတ်တွေအနေနဲ့ MMA သင်တန်းတွေ တက်ချင်တဲ့စိတ် ဖြစ်ပေါ်လာတဲ့အထိ ပွဲကို အကောင်းဆုံးယှဉ်ပြိုင်သွားမှာပါဖြစ်တယ်လို့လည်း  မိုက်ကယ်ပက်စတာနာ့ခ်က ပြောထားပါတယ်။ မိုက်ကယ်ဟာ MMA ပြိုင်ပွဲပေါင်း ၁၁ ပွဲကစားပြီး ၁ ပွဲသာ ရှုံးထားသေးတာလည်း ဖြစ်ပါတယ်။

အောင်လအန်ဆန်ကလည်း မြန်မာတွေအတွက် ဂုဏ်ယူနိုင်အောင် အကောင်းဆုံးကြိုးစားမှာဖြစ်ပြီး နိုင်ရမယ်လို့ ကတိပေးတယ်လို့ ဆိုပါတယ်။

Photos & Source: 7Day Daily, ဘိုဘိုမင်း, mmarocks

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ