Local: ၂၀၁၇ မှာ ရိုးရာလက်ဝှေ့ပွဲတွေ လစဉ်ကျင်းပမယ်

ခြောက်ထောင့်ပါတဲ့ ကြိုးဝိုင်းကို စတင်အသုံးပြုမယ်လို့ သိရပါတယ်။

play

 

လာမယ့် ၂၀၁၇ ခုနှစ်ကစပြီး  မြန်မာ့ရိုးရာလက်ဝှေ့ ပွဲတွေကို တစ်လလျှင် တစ်ပွဲနှုန်း ကျင်းပဖို့ စီစဉ်ထားတယ်လို့   မြန်မာ့လက်ခမောင်း ကုမ္ပဏီဥက္ကဋ္ဌ ဦးဇေသီဟက ပြောပါတယ်။

‘‘ကျွန်တော်အနေနဲ့ မြန်မာ့ ရိုးရာလက်ဝှေ့ကို နိုင်ငံတကာထိ ထိုးဖောက်ဖို့အတွက် သူငယ်ချင်း လေးယောက်ပေါင်းပြီး မြန်မာ့လက်ခမောင်း ဆိုတဲ့ ကုမ္ပဏီကို တည်ထောင်ပြီး လက်ဝှေ့ပွဲတွေ တစ်လတစ်ပွဲလုပ်ဖို့ ပြင်ဆင်နေပါတယ်။ ရန်ကုန်နဲ့ မန္တလေးတို့မှာ အဓိကလုပ်သွားမယ်’’လို့ ဦးဇေသီဟက ပြောပါတယ်။

play

 

မျိုးဆက်သစ် မြန်မာ့ရိုးရာလက်ဝှေ့သမားတွေ ပေါ်ထွက်လာစေဖို့နဲ့ မြန်မာ့ရိုးရာလက်ဝှေ့ကို နိုင်ငံတကာအထိ ထိုးဖောက်နိုင်ဖို့ တစ်လကို တစ်ပွဲနှုန်းနဲ့ ရန်ကုန်နဲ့ မန္တလေးမြို့တို့မှာ အဓိကကျင်းပဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

ပထမဆုံးကျင်းပမယ့် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို ၂၀၁၇ ဖေဖော်ဝါရီမှာ ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲ ရုံ(၁) သုဝဏ္ဏမှာ ကျင်းပဖို့ စီစဉ်ထားပြီး ပထမဆုံးပွဲမှာ မြန်မာပြည်ချန်ပီယံ ထွန်းထွန်းမင်း၊ ၂၀၁၃ ဆီးဂိမ်းရွှေတံဆိပ်ရှင် တူးတူးတို့နဲ့ ပြည်ပလက်ဝှေ့သမားတွေ ယှဉ်ပြိုင်မယ့် ပွဲစဉ်တွေနဲ့ဖွင့်လှစ်ဖို့ စီစဉ်ထားပြီး ဒီလက်ဝှေ့ပွဲမှာ ခြောက်ထောင့်ပါတဲ့ ကြိုးဝိုင်းကို စတင်အသုံးပြုမယ်လို့ သိရပါတယ်။

Source : 7DayDaily

Photos : Zin Lin Tun Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ