Local: အာဆီယံ ယူ-၁၉ ပြိုင်ပွဲမှာ အုပ်စုအဆင့်ကျော်မယ်လို့ မြန်မာနည်းပြချုပ်ပြော

အင်အားကြီးအသင်းတွေ ပါဝင်နေပေမဲ့ နောက်တစ်ဆင့်တက်မယ်လို့ ဆိုပါတယ်။

play
မြန်မာ့လက်ရွေးစင်အသင်းကြီးနှင့် ခြေစမ်းပွဲကစားခဲ့သည့် မြန်မာယူ-၁၉ အသင်း။

 

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ စက်တင်ဘာ ၁၁ ရက်ကနေ ၂၄ ရက်အထိ ကျင်းပမယ့် ၂၀၁၆ အာဆီယံ ယူ- ၁၉ ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲမှာ အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်ထားကြောင်း မြန်မာ ယူ-၁၉ အသင်းနည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက ပြောလိုက်ပါတယ်။

အာဆီယံ ယူ-၁၉ ပြိုင်ပွဲမှာ ပြိုင်ပွဲဝင် ၁၁ သင်း ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး မြန်မာအသင်းက အုပ်စု(ခ)မှာ ထိုင်း၊ လာအို၊ သြစတြေးလျ၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး အုပ်စု(က)မှာ အိမ်ရှင်ဗီယက်နမ်၊ စင်ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်၊ တီမောအသင်းတို့ ပါဝင်နေပါတယ်။

play

 

ပြည်ပပွဲအတွေ့အကြုံမရှိတဲ့ မြန်မာယူ-၁၉ အသင်းအနေနဲ့ ပြိုင်ပွဲမှာ အခက်တွေ့နိုင်ပေမဲ့ အကောင်းဆုံးပုံစံရရှိနေလို့ အုပ်စုတွင်းမှာ အင်အားကြီးအသင်းတွေ ပါဝင်နေပေမဲ့ နောက်တစ်ဆင့် တက်ရောက်နိုင်မယ်လို့ မြန်မာ ယူ-၁၉ အသင်း နည်းပြချုပ်က ပြောပါတယ်။

မြန်မာယူ-၁၉ အသင်းက အုပ်စုဖွင့်ပွဲအဖြစ် စက်တင်ဘာ ၁၂ ရက်မှာ အင်ဒိုနီးရှား၊ ၁၄ ရက်မှာ သြစတြေးလျ၊ ၁၆ ရက်မှာ လာအို၊ ၁၈ ရက်မှာ ကမ္ဘောဒီးယား၊ ၂၀ ရက်မှာ ထိုင်းအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source : 7DayDaily

Photos : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ