Local: ဆူဇူကီးဖလားမတိုင်မီ အင်ဒိုနီးရှားနဲ့ ခြေစမ်းဖို့ မြန်မာ ကြိုးစားနေ

, updated

အင်ဒိုနီးရှားက မလေးရှား ကို ၃-၀ နဲ့ နိုင်ခဲ့တဲ့ပွဲကို ကြည့်လိုက်ရပြီး  အင်ဒိုနီးရှားက အသင်းကောင်းတစ်သင်းဖြစ်ကြောင်း နည်းပြကြီးက ပြောကြားထားပါတယ်။

play

 

ဆူဇူကီးဖလားမတိုင်မီ အင်ဒိုနီးရှားလက်ရွေးစင်အသင်းနဲ့ ခြေစမ်းကစားခွင့်ရဖို့ ကြိုးပမ်းနေကြောင်း မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က ပြောကြားလိုက်တယ်လို့ သိရပါတယ်။

7Day Daily ရဲ့ ဖော်ပြချက်အရ မြန်မာ့လက်ရွေးစင်အသင်းဟာ  မူလက စက်တင်ဘာပထမပတ်အတွင်း အင်ဒိုနီးရှားလက်ရွေးစင်အသင်းနဲ့ ခြေစမ်းကစားဖို့ စီစဉ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့တာကြောင့် အောက်တိုဘာအတွင်း ခြေစမ်းကစားခွင့်ရဖို့ ထပ်မံကြိုးစားနေတာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားက မလေးရှား ကို ၃-၀ နဲ့ နိုင်ခဲ့တဲ့ပွဲကို ကြည့်လိုက်ရပြီး  အင်ဒိုနီးရှားက အသင်းကောင်းတစ်သင်း ဖြစ်တာကြောင့်  အခုလိုကစားခွင့်ရဖို့ ကြိုးပမ်းနေတာဖြစ်တယ်လို့ နည်းပြကြီး ဂတ်ဖရိုင်းဒရစ်က ပြောကြားထားတယ်လို့လည်း သိရပါတယ်။

 မြန်မာ့လက်ရွေးစင်အသင်းဟာ ဆူဇူကီးဖလားအတွက် ပြင်ဆင်တဲ့အနနဲ့ ရက်ပေါင်း လေးဆယ်ခန့် ဥရောပမှာ သွားရောက်လေ့ကျင့် ခြေစမ်းမှာ ဖြစ်ပါတယ်။

Photos & Source: 7Day Daily , MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ