Local: ဆူဇူကီးဖလားကို ကြည်လင်း လွဲချော်နိုင်

ပြန်လည်ရွေးချယ်ခဲ့ရင် အကောင်းဆုံးပေးဆပ်မယ်လို့ ကြည်လင်းရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

play

 

ဥရောပ ခြေစမ်းခရီးသွားမယ့် မြန်မာ့လက်ရွေးစင်လူစာရင်းမှာ မပါဝင်ခဲ့တဲ့ ကြည်လင်းဟာ ဆူဇူကီးဖလားပြိုင်ပွဲ အတွက်လည်း လွဲချော်နိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

ကြည်လင်းဟာ ခြေထောက်အရိုးနှစ်ချောင်း အက်နေတာကြောင့် ခွဲစိတ်ရမှာဖြစ်ပြီး ဆူဇူကီးဖလားပြိုင်ပွဲမတိုင်မီ သက်သာလာဖွယ်ရှိပေမဲ့ အနားယူရမှာ ဖြစ်တယ်လို့ နည်းပြကြီး ဂတ်ဖရိုင်းဒရစ်က ပြောထားပါတယ်။ သူ့ကို လက်လွှတ်ခဲ့ရတဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်လို့ ဂတ်ဖရိုင်ဒရစ်က ပြောထားကြောင်းလည်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ 

ဆေးကုသမှုခံယူရမှာဖြစ်ပေမဲ့ ဆူဇူကီးဖလားမတိုင်မီ ဒဏ်ရာက  ပြန်လည်ကောင်းမွန်ဖို့ မျှော်လင့်နေပြီး  ပြန်လည်ရွေးချယ်ခဲ့ရင် အကောင်းဆုံးပေးဆပ်မယ်လို့ ကြည်လင်းရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

ဒဏ်ရာက ပြန်လည်သက်သာလာပြီဖြစ်ပေမဲ့ ကာလရှည်ကြာ အနားယူနေရတဲ့ ကွင်းလယ်ကစားသမား ငြိမ်းချမ်းအောင်လည်း လက်ရွေးစင်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။

Source: 7Day Daily
Photos : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ