Local: ၂၀၁၇ မြန်မာလိဂ်မှာ မနောမြေနဲ့ ဇေယျာရွှေမြေ မပါဝင်တော့ဘဲ ဇွဲကပင်ဆက်လက်ယှဉ်ပြိုင်မယ်

စက်တင်ဘာ ၁၀ ရက်က ပြုလုပ်ခဲ့တဲ့ လိဂ်ကော်မတီ အစည်းအဝေးပွဲမှာ ဆုံးဖြတ်ခဲ့တာပါ။

play
အသင်းဖျက်သိမ်းခဲ့သည့် ဇေယျာရွှေမြေအသင်း။

 

၂၀၁၇ မြန်မာလိဂ်ပြိုင်ပွဲမှာ မနောမြေအသင်းနဲ့ ဇေယျာရွှေမြေအသင်းတို့က ပါဝင်ယှဉ်ပြိုင်တော့မှာမဟုတ်ဘဲ မူလက၀င်ရောက် မယှဉ်ပြိုင်တော့ဘူးလို့ ကြေညာထားတဲ့ ဇွဲကပင်ယူနိုက်တက်အသင်းကတော့ လိဂ်ပြိုင်ပွဲမှာ ဆက်လက်ယှဉ်ပြိုင်မယ်လို့ မြန်မာနေရှင်နယ်လိဂ်ကော်မတီကနေ သိရပါတယ်။

play

 

စက်တင်ဘာ ၁၀ ရက်က ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာပြုလုပ်ခဲ့တဲ့ လိဂ်ကော်မတီ အစည်းအဝေးပွဲမှာ ကချင်ပြည်နယ်ကိုယ်စားပြု မနောမြေအသင်းက အသင်း ဖျက်သိမ်းလိုက်တာဖြစ်ပြီး အသင်းပိုင်ရှင်အနေနဲ့ ကစားသမားတွေနဲ့ နည်းပြအုပ်ချုပ်သူတွေအတွက် လစာကြွေးကျန်တွေကို ပေးချေရမှာဖြစ်လို့ လိဂ် ကော်မတီရန်ပုံငွေကနေ နစ်နာကြေးအဖြစ် တစ်လစာ စိုက်ထုတ်ပေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

play

 

ဒါ့ကြောင့်၂၀၁၆ လိဂ်-၂ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ မနောမြေအသင်းက အသင်းဖျက်သိမ်းလိုက်လို့ ၎င်းရယူခဲ့တဲ့ တန်းတက်ခွင့်ကို အဆင့် (၃) ရရှိခဲ့တဲ့ နေပြည်တော်အသင်းက အစားထိုးယှဉ်ပြိုင်ခွင့်ရရှိခဲ့ပြီး မြန်မာလိဂ်ပြိုင်ပွဲကနေ နုတ်ထွက်ခဲ့တဲ့ ဇေယျာရွှေမြေအသင်းရဲ့နေရာမှာ ၂၀၁၆ မြန်မာလိဂ်အဆင့် (၁၁) နေရာက ဆောက်သမ်းမြန်မာအသင်းနဲ့ အစားထိုးယှဉ်ပြိုင်စေဖို့ လိဂ်ကော်မတီ အစည်းအဝေးက ဆုံးဖြတ်ခဲ့ပါတယ်။

Source : 7DayDaily

Photos : MNL

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ