Local: ရန်ကုန်တိုင်းမြို့နယ်ပေါင်းစုံ ဘောလုံးပွဲပြန်ကျင်းပမယ်

၁၃ နှစ်ကြာ ရပ်ထားတာကနေ ပြန်လည်ကျင်းပခဲ့တာပါ။

play
အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ပံ့ပိုးငွေပေးအပ်ပွဲ အခမ်းအနားပြုလုပ်ခဲ့စဉ်။

 

၁၃ နှစ်ကြာမကျင်းဘဲ ရပ်နားထားခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး မြို့နယ်ပေါင်းစုံ အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲကို ဒီနှစ်မှာ ပြန်လည်ကျင်းပတော့မှာဖြစ်ပြီး ပထမဆုကို ဆုဖလားနဲ့အတူ ကျပ်သိန်း ၂၀၊ ဒုတိယဆု ကျပ် ၁၅ သိန်းနဲ့ တတိယဆု ကျပ် ၁၀ သိန်း ချီးမြှင့်သွားမယ်လို့ သိရပါတယ်။

၂၀၁၆ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား အလွတ်တန်းဘောလုံးပြိုင်ပွဲကို အရှေ့ပိုင်းခရိုင်ဇုန်၊ အနောက်ပိုင်း ခရိုင်ဇုန်၊ တောင်ပိုင်းခရိုင်ဇုန်နဲ့  မြောက်ပိုင်းခရိုင်ဇုန်ဆိုပြီး ဇုန်လေးခုခွဲကာ စက်တင်ဘာ ၂၄ ရက်ကနေ အောက်တိုဘာ ၃၁ ရက်အထိ ကျင်းပမယ်လို့ ဆိုပါတယ်။

play

 

ရန်ကုန်တိုင်းဒေသကြီးထဲက မြို့နယ် ၄၅ မြို့နယ်ထဲက ကိုကိုးကျွန်းမြို့နယ်ကလွဲပြီး ကျန် ၄၄ မြို့နယ် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကာ ရန်ကုန်အရှေ့ပိုင်းခရိုင်မှ ၁၄ သင်း၊ ရန်ကုန်အနောက်ပိုင်းခရိုင်မှ ၁၃ သင်း၊ ရန်ကုန်တောင်ပိုင်းခရိုင်မှ ကိုးသင်းနှင့် ရန်ကုန်မြောက်ပိုင်းခရိုင်မှ ရှစ်သင်းယှဉ်ပြိုင်မယ်လို့ သိရပါတယ်။

ပထမအဆင့်နဲ့ ဒုတိယအဆင့် ပွဲစဉ်တွေကို ပဒေသာကွင်း၊ မြောက်ဒဂုံကွင်း၊ စလင်းကွင်း၊ ရန်ကုန်မြက်ခင်းတုကွင်း၊ ရွှေပြည်သာကွင်း၊ သန်လျင်ကွင်း၊ တွံတေးကွင်း စတဲ့ သက်ဆိုင်ရာ မြို့နယ်တွေအလိုက် ဘောလုံးကွင်းတွေမှာ ကျင်းပမှာဖြစ်ပြီး  ဗိုလ်လုပွဲကို အောင်ဆန်းကွင်းမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

Source : 7DayDaily

Photos : Phyo Min Thein Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ