Local: အကြိုဗိုလ်လုပွဲတက်ဖို့ လာအိုကိုအနိုင်ကစားဖို့ လိုအပ်နေတဲ့ မြန်မာယူ-၁၉ အသင်း

လက်ကျန်ပွဲစဉ်တွေကို အနိုင်ကစားဖို့ လိုအပ်နေတာပါ။

play
မြန်မာယူ-၁၉ အသင်းနှင့် သြစတြေးလျှ ယူ-၁၉ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့စဉ်။

 

ဗီယက်နမ်နိုင်ငံမှာ ကျင်းပနေတဲ့ ၂၁၀၆ အာဆီယံ ယူ-၁၉ ဘောလုံးပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာယူ-၁၉ အသင်းက ဒီနေ့ ညနေ ၆ နာရီ ၃၀ မှာ ယှဉ်ပြိုင်ကစားရမယ့် လာအိုအသင်းနဲ့ ပွဲကို အနိုင်ကစားဖို့ လိုအပ်နေပါပြီ။

play

 

ဒီဲပြိုင်ပွဲရဲ့ အုပ်စု(ခ)မှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ မြန်မာယူ-၁၉ အသင်းက အုပ်စုအဖွင့်ပွဲစဉ်မှာ အင်ဒိုနီးရှာအသင်းကို ၃-၂ ဂိုးနဲ့ အနိုင်ရထား ပေမယ့် ဒုတိယပွဲမှာ သြစတြေးလျှအသင်းကို ၃ ဂိုးပြတ်ရှုံးထားလို့ ဒီနေ့ကစားမယ့် လာအိုအသင်းနဲ့ပွဲကို အနိုင်ရဖို့ လိုအပ်နေတာပါ။

play

 

မြန်မာ ယူ-၁၉ အသင်းက အုပ်စုသုံးပွဲအပြီး ရမှတ်သုံးမှတ်ရရှိထားကာ စက်တင်ဘာ ၁၈ ရက်မှာ ကမ္ဘောဒီးယား၊ ၂၀ ရက်မှာ ထိုင်းအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ မြန်မာအသင်းပါဝင်တဲ့ အုပ်စု(ခ)မှာ သြစတြေးလျှအသင်းနဲ့ ထိုင်းအသင်းတို့က ခြောက်မှတ်စီနဲ့ အုပ်စုကို ဦးဆောင်နေတာကြောင့် မြန်မာအသင်းအနေနဲ့ အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ဖို့ လက်ကျန်ပွဲတွေကို အနိုင်ရဖို့လိုအပ်နေပြီ ဖြစ်ပါတယ်။

Photos : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ