Local: လာအိုနဲ့လေးဂိုးစီ သရေကျခဲ့လို့ နောက်တဆင့် မသေချာတော့တဲ့ မြန်မာ ယူ-၁၉ အသင်း

ဒုတိယပိုင်းပေးဂိုးတွေနဲ့ တစ်ဖက်လေးဂိုးစီ သရေကျခဲ့တာပါ။

play

 

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့မှာ ကျင်းပနေတဲ့ အာဆီယံ ယူ -၁၉ ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ အုပ်စု(ခ) ပွဲစဉ်တစ်ပွဲဖြစ်တဲ့ လာအိုအသင်းနဲ့ မြန်မာအသင်းတို့ရဲ့ ပွဲစဉ်မှာ မြန်မာအသင်းနဲ့ လာအိုအသင်းတို့ ၄-၄ ဂိုးစီ သရေကျပြီး မြန်မာအသင်း အုပ်စုနောက်တဆင့်တက်ဖို့ မျှော်လင့်ချက်တွေ နည်းပါးသွားခဲ့ပါတယ်။

မြန်မာယူ-၁၉ အသင်းက အုပ်စုအဖွင့်ပွဲစဉ်မှာ အင်ဒိုနီးရှာအသင်းကို ၃-၂ ဂိုးနဲ့ အနိုင်ရထားပေမယ့် ဒုတိယပွဲမှာ သြစတြေးလျှအသင်းကို ၃ ဂိုးပြတ်ရှုံးထားလို့ ဒီပွဲအနိုင်ရမှပဲ နောက်တဆင့်တက်နိုင်ဖို့ မျှော်လင့်ချက်ရှိမှာဖြစ်လို့ တစ်သင်းလုံးကြိုးစား ကစားသွားခဲ့ပေမယ့် နောက်တန်းကစားသမားတွေ ပေါ့လျော့တာတွေကြောင့် ဒုတိယပိုင်းမှာ ချေပဂိုးတွေ ပြန်လည်ပေးလိုက်ရပြီး သရေခဲ့ကျတာပါ။

play

 

မြန်မာ ယူ-၁၉ အသင်းက ဒီပွဲကိုအနိုင်ရဖို့ ကြိုးစားကစားခဲ့ပါတာကိုတွေ့ရပါတယ်။ ဒါပေမဲ့ ပထမပိုင်း ၈ မိနစ်မှာ လာအိုအသင်းရဲ့ဦးဆောင်ဂိုးကို ခွင့်ပြုခဲ့ရပေမယ့် ပွဲချိန် ရွှေကိုက ချေပဂိုးနဲ့ ၂၃ မိနစ်မှာ အောင်ကောင်းမာန်က အနိုင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

အနိုင်ဂိုးရရှိပြီးနောက်ပိုင်းမှာ ဆက်တိုက်ဆိုသလိုပဲ မြန်မာအသင်းက လာအိုအသင်းဘက်ကို ဖိအားပေးကစားနိုင်ခဲ့ပြီး ပွဲချိန် ၂၉ မိနစ်မှာ ရွှေကို ကပဲ ဒုတိယအနိုင်ဂိုး သွင်းယူနိုင်ခဲ့ကာ ပထမပိုင်းပြီးခါနီး နာကျင်အချိန်ပိုမှာလည်း အောင်ကောင်းမာန်က မြန်မာအသင်းအတွက် တတိယအနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

play

 

ဒုတိယပိုင်းမှာတော့ မြန်မာအသင်း ချေပဂိုးတွေ ပြန်မပေးရဖို့ ပိတ်ဆို့ ကစားရာကနေ နောက်တန်းတွေဆုံးဖြတ်ချက်မှားယွင်းခဲ့ပြီး ပေါ့ဆမှုတွေကြောင့် ၅၄ မိနစ်နဲ့ ၅၇ မိနစ်မှာ ချေဂိုးတွေဆက်တိုက် ပြန်ပေးခဲ့ရကာ ပွဲချိန်မိနစ် ၉၀ မှာ သရေဖြစ်စေတဲ့ ချေပဂိုးပြန်ပေးခဲ့ရလို့ တစ်ဖက်လေးဂိုးစီ သရေကျခဲ့ပြီး နောက်တဆင့်တက်ဖို့ ခက်ခဲသွားခဲ့ပါတယ်။

Photos : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ