Local: ၂၀၁၇ ဘောလုံးရာသီမှာ သိန်းတစ်ထောင်ကျော်သုံးမယ့် နေပြည်တော်အသင်း

အိမ်ကွင်းကိုလည်း ပြန်လုပ်သွားမယ်လို့ ဆိုပါတယ်။

play

 

မြန်မာလိဂ် ၁ ကိုတန်းတက်လာတဲ့ နေပြည်တော်ဘောလုံးအသင်းက လာမယ့် ၂၀၁၇ ဘောလုံးရာသီမှာ အသင်းကြီးအဖြစ် တည်ဆောက် နိုင်ဖို့ ကျပ်သိန်း ၁,၀၀၀ ကနေ ၁,၅၀၀ ကြား သုံးစွဲသွားမယ်လို့ အသင်းပိုင်ရှင် ဦးဖြိုးကိုကိုတင့်ဆန်းက ပြောပါတယ်။

နေပြည်တော်အသင်းက မြန်မာနေရှင်နယ်လိဂ်-၁ ပြိုင်ပွဲကနေ ၂၀၁၅ မှာ တန်းဆင်းခဲ့ရပြီး တစ်နှစ်အတွင်းတန်းပြန်တက်လာနိုင်လို့ အသင်းကြီးအဖြစ်ရပ်တည်နိုင်ဖို့  ကစားသမားတွေ ခေါ်ယူသွားမယ်လို့ သိရပါတယ်။

play

 

‘‘အိမ်ကွင်းလည်း ပြန်လုပ်မယ်။ ၂၀၁၇ ဘောလုံးရာသီအတွက် ကျပ်သိန်းတစ်ထောင်က နေ ၁၅,၀၀ အကြား သုံးစွဲမယ်။ အသင်းကြီး တစ်သင်းဖြစ်အောင် ပြန်လည်တည်ဆောက်မယ်’’လို့ အသင်းပိုင်ရှင် ဦးဖြိုးကိုကိုတင့်ဆန်းက ပြောပါတယ်။

နေပြည်တော်အသင်းက ၂၀၁၆ မြန်မာလိဂ်-၂ ပြိုင်ပွဲမှာ အမှတ်ပေးဇယား အဆင့်(၃) နေရာမှာ ရပ်တည်နိုင်ခဲ့ပေမဲ့ လိဂ်-၂ မှာ ချန်ပီယံဖြစ်ခဲ့တဲ့ မနောမြေအသင်းက ဖျက်သိမ်းသွားလို့ မြန်မာနေရှင်နယ် လိဂ်-၁ ကို တန်းတက်ခွင့်ရရှိခဲ့တာပါ။

Source : 7Daydaily

Photos : NPT Fc,AFC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ