Local: အမျိုးသမီးလိဂ်ပြိုင်ပွဲ ဒီဇင်ဘာလမှာ စတင်ကျင်းပမယ်

, updated

အိမ်ကွင်း၊ အဝေးကွင်းစနစ်နဲ့ နှစ်ကျော့ယှဉ်ပြိုင်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

play

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကဦးစီးကျင်းပမယ့် အမျိုးသမီးလိဂ်ဘောလုံးပြိုင်ပွဲကို လာမယ့် ဒီဇင်ဘာလထဲမှာ အသင်းရှစ်သင်းနဲ့ ကျင်းပဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ဒီပြိုင်ပွဲကို ကာကွယ်ရေး၊ မြ၀တီ၊ အားကာသိပ္ပံ (ရန်ကုန်)၊ အားကာသိပ္ပံ (မန္တလေး)၊ ပြည်ထဲရေး၊ ဇွဲကပင်၊ တက္ကသိုလ်နဲ့ ဘဏ္ဍာအခွန် စတဲ့ အသင်းရှစ်သင်း ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ ဆိုပါတယ်။

ဒီပြိုင်ပွဲကို အိမ်ကွင်း၊ အဝေးကွင်းစနစ်နဲ့ နှစ်ကျော့ယှဉ်ပြိုင်ဖို့ စီစဉ်ထားပေမဲ့ ဆုကြေး မသတ်မှတ်ရသေးဘူးလို့ အမျိုးသမီးလိဂ်ကော်မတီ ဥက္ကဋ္ဌ ဦးလှဌေးက ပြောပါတယ်။

အမျိုးသမီးလိဂ်ဘောလုံး ပြိုင်ပွဲကို ဆုကြေးစားစနစ်နဲ့ ကျင်းပမှာဖြစ်ပြီး ကစားသမားတွေရဲ့လစာကို ပျမ်းမျှ ကျပ်နှစ်သိန်းပေးဖို့ စီစဉ်ထားကာ ရန်ကုန်မြို့က တောင်ဒဂုံ အားကစားကွင်းနဲ့ သက်ဆိုင်ရာအိမ်ကွင်းတွေမှာ ကျင်းပဖို့စီစဉ်နေတယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားပါတယ်။

Source : 7DayDaily

Photos : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ