Local: အုပ်စုတတိယနေရာပဲရတဲ့ မြန်မာယူ-၁၉ အသင်း အာဆီယံပြိုင်ပွဲကို နူတ်ဆက်

, updated

နှစ်ပွဲနိုင်၊ နိုင်ပွဲသရေ၊ တစ်ပွဲရှုံးရလဒ်နဲ့ ရမှတ် ရှစ်မှတ် ရရှိခဲ့တာပါ။

play

 

ဗီယက်နမ်နိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၁၆ အဆီယံယူ-၁၉ ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ အုပ်စု(ခ)ပွဲစဉ်တွေအပြီးမှာ မြန်မာအသင်းက အုပ်စုတတိယနေရာမှာပဲ ရပ်တည်နိုင်ခဲ့လို့ အကြိုဗိုလ်လုပွဲ တက်ရောက်ခွင့် လွဲချော်ခဲ့ရပါတယ်။

play

 

စက်တင်ဘာ ၂၀ ရက်မှာ ယှဉ်ပြိုင်ခဲ့တဲ့ အုပ်စု(ခ) နောက်ဆုံးပွဲစဉ်မှာ သြစတြေးလျအသင်းက လာအိုအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ထိုင်းနဲ့ မြန်မာပွဲက တစ်ဂိုးစီသရေကျခဲ့ပြီး အုပ်စု(ခ) ပွဲစဉ်များအပြီးမှာ ထိုင်းအသင်းက ရမှတ် ၁၃ မှတ်ရရှိပြီး အုပ်စုပထမနေရာနဲ့ ရမှတ် ၁၂ မှတ်ရရှိခဲ့တဲ့ သြစတြေးလျအသင်းက ဒုတိယနေရာမှာ အသီးသီးရပ်တည်ပြီး အကြိုဗိုလ်လုပွဲ တက်ရောက်ခွင့် ရရှိခဲ့တာပါ။

play

 

အုပ်စုတွင်းပြိုင်ပွဲတွေမှာ နှစ်ပွဲနိုင်၊ နိုင်ပွဲသရေ၊ တစ်ပွဲရှုံးရလဒ်နဲ့ ရမှတ် ၈ မှတ် ရရှိခဲ့တဲ့ မြန်မာယူ-၁၉ အသင်းက  အုပ်စုတတိယနေရာမှာ ရပ်တည်ခဲ့ပြီး အုပ်စုအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

Source : 7DayDaily

Photos : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ