Local: နယ်သာလန် ဒုတိယတန်းကလပ်နဲ့ မြန်မာ့လက်ရွေးစင်အသင်း ခြေစမ်းမယ်

နောက်တန်းကစားသမားတွေဖြစ်တဲ့ အောင်ဇော်နဲ့ ဇော်လင်းတို့ဟာလည်း ဒဏ်ရာတွေ ရရှိနေတယ်။

play

 

မြန်မာ့လက်ရွေးစင်အသင်းဟာ ဥရောပခရီးစဉ် လေးပွဲမြောက်ခြေစမ်းပွဲအဖြစ် နယ်သာလန်ဒုတိယတန်းကလပ် Venlo အသင်းနဲ့ ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။

ဆူဇူကီးဖလားပြိုင်ပွဲအတွက် ပြင်ဆင်နေတဲ့ မြန်မာ့လက်ရွေးစင်အသင်းဟာ ဂျာမနီနိုင်ငံမှာ နေထိုင်ပြီး ခြေစမ်းပွဲတွေကစားနေရာမှာ နိုင်ပွဲရရှိထားခြင်းမရှိဘဲ နှစ်ပွဲသရေ၊ တစ်ပွဲရှုံးရလဒ် ရရှိထားပါတယ်။

 အဓိက ကစားသမားတွေဖြစ်တဲ့  တိုက်စစ်မှူးအောင်သူနဲ့ သီဟဇော်တို့ဟာ  နေမကောင်းဖြစ်နေပြီး နောက်တန်းကစားသမားတွေဖြစ်တဲ့ အောင်ဇော်နဲ့ ဇော်လင်းတို့ဟာလည်း ဒဏ်ရာတွေ ရရှိနေတယ်လို့ သိရပါတယ်။

နယ်သာလန်ဒုတိယတန်းကလပ် Venlo နဲ့ပွဲကို စက်တင်ဘာ ၂၆ ရက် မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲမှာ ယှဉ်ပြိုင်မှာဖြစ်ပြီး အဆိုပါကစားသမားလေးဦး ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာ မဟုတ်ပါဘူး။

Photos & Source: 7Day Daily, MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ