Local: ကျော်ကိုကိုနဲ့ သီဟဇော်ကို ပဏာမ မြန်မာ့လက်ရွေးစင် အသင်းကနေ ချန်လှပ်

ဥရောပကလပ်အသင်းတွေနဲ့ ခြေစမ်းပွဲလေးပွဲ ကစားအပြီးမှာ လျှော့ချခဲ့တာပါ။

play

 

ဂျာမနီနိုင်ငံမှာ လေ့ကျင့်ရေးနဲ့ ခြေစမ်းပွဲတွေကစားဖို့ ရောက်ရှိနေတဲ့ ပဏာမ မြန်မာ့လက်ရွေးစင်အသင်းက ရှေ့တန်းလူ ကျော်ကိုကိုနဲ့ ကွင်းလယ်လူ သီဟဇော်တို့ကို အသင်းကနေ ချန်လှပ်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာ့ပဏာမ လက်ရွေးစင်ဘောလုံးအသင်းက ဥရောပကလပ်အသင်းတွေနဲ့ ခြေစမ်းပွဲ လေးပွဲ ကစားအပြီးမှာ လက်ရှိ လူစာရင်း (၂၅)ဦးက နှစ်ဦး လျှော့ချခဲ့တာဖြစ်ပြီး ပဏာမကစားသမား ၂၃ ဦးနဲ့ ဆက်လက်လေ့ကျင့်မှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

play

 

ပဏာမ လူစာရင်းကနေ ချန်လှပ်ခဲ့ရတဲ့ ကစားသမားနှစ်ဦးက ဒီနေ့မှာ Emirates လေကြောင်းလိုင်း လေယာဉ်အမှတ် EK 56 နဲ့ ဂျာမနီကနေ ဒူဘိုင်း (ယူအေအီး)၊လမ်းကြောင်းကတစ်ဆင့် လေယာဉ်အမှတ် Emirates - EK 388 နဲ့ ရန်ကုန်မြို့ကို ပြန်လည်ထွက်ခွာလာမယ်လို့ သိရပါတယ်။

play

 

မြန်မာ့လက်ရွေးစင် အသင်းနည်းပြအဖွဲ့က ကစားသမားနှစ်ဦးကို ဆိုက်ပရပ်စ်လေ့ကျင့်ရေး ခရီးစဉ်ကိုလိုက်ပါပြီးမှာပဲ ရန်ကုန်ကိုအတူပြန်ဖို့(သို့မဟုတ်) ဆိုက်ပရပ်စ်ထိ မလိုက်တော့ဘဲ ဂျာမနီကနေ ရန်ကုန်ကိုပြန်ဖို့ ရွေးချယ်ခွင့်ပေးခဲ့ရာမှာ ကစားသမားတွေက ရန်ကုန်ကိုပဲပြန်ဖို့ ရွေးချယ်ခဲ့တာကြာင့် တာဝန်ရှိသူတွေက လေယာဉ်ခရီးစဉ် စီစဉ်ပေးခဲ့တာလို့ ဆိုပါတယ်။

Source & Photos : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ