Local: မြန်မာ့လက်ရွေးစင်အသင်း ခြေစမ်းပွဲနှစ်ပွဲကစားမယ်

တောင်ကိုရီးယား၊ ဂျပန်၊ အီရန်နဲ့ အာဆီယံက ထိုင်း၊ စင်ကာပူ၊ အင်ဒို အသင်းတွေကို ဖိတ်ထားပါတယ်။

play
VVV ဗယ်လ်နို (နယ်သာလန်) နှင့် မြန်မာ့လက်ရွေးစင်အသင်းတို့ ခြေစမ်းပွဲမြင်ကွင်း။

 

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ဆူဇူကီးဖလားပြိုင်ပွဲအတွက် ပြင်ဆင်နေတဲ့ မြန်မာ့လက်ရွေးစင်အသင်း ဥရောပခရီးစဉ်ကနေ ပြန်ရောက်လာရင်  အောက်တိုဘာထဲမှာ  နိုင်ငံတကာခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။

ဆူဇူကီးဖလားပြိုင်ပွဲမှာ အောင်မြင်မှုရရှိဖို့ ပြင်ဆင်နေတဲ့ မြန်မာ့လက်ရွေးစင်အသင်းက အောက်တိုဘာလထဲမှာ အာရှနဲ့ အာဆီယံဒေသတွင်း နိုင်ငံတွေက လက်ရွေးစင်အသင်းတွေနဲ့ ခြေစမ်းပွဲကစားဖို့ စီစဉ်ထားတယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ဒါရိုက်တာ ဦးတင်မြင့်အောင်က ပြောပါတယ်။

play

 

‘‘အာရှဒေသက အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ တောင်ကိုရီးယား၊ ဂျပန်၊ အီရန်အစရှိတဲ့ အသင်းတွေကို ဖိတ်ထားတယ်။ အာဆီယံက ထိုင်း၊ စင်ကာပူ၊ အင်ဒို စတဲ့အသင်းတွေကို ဖိတ်ထားတယ်။ အခုလက်ရှိတော့ ဘယ်အသင်းမှ အကြောင်းပြန်ခြင်းမရှိသေးဘူး’’လို့ ဦးတင်မြင့်အောင်က ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ကပူးတွဲပြီး အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ဆူဇူကီးဖလားပြိုင်ပွဲမှာ မြန်မာအသင်းက အုပ်စု(ခ)မှာ ဗီယက်နမ်၊ မလေးရှားနဲ့  ခြေစစ်ပွဲအောင်မြင်မယ့် အသင်းနဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။

Source : 7DayDaily

Photos : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ