Local: မကျွမ်းကျင်တဲ့နေရာမှာ ကစားခိုင်းခဲ့တယ်လို့ ကျော်ကိုကို ပြော

ဆွေးနွေးမှုလုပ်တဲ့အခါမှာ ညာတောင်ပံကနေ ဘယ်တောင်ပံကို ပြောင်းကစားခိုင်းခဲ့တယ်။

play

 

ဥရောပခြေစမ်းခရီးစဉ်သွားတဲ့ မြန်မာ့လက်ရွေးစင်အသင်းကြီးကနေ ပြန်လည်စေလွှတ်ခံရတာကြောင့် ကျော်ကိုကိုဟာ ဒီနေ့မနက်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာပါတယ်။

play

 

 ပြန်လာရတဲ့အကြောင်းအရင်းနဲ့ပတ်သက်လို့ မီဒီယာတွေက မေးမြန်းရာမှာ စည်းကမ်းပိုင်းနဲ့ ပတ်သက်လို့ ဘာပြဿနာမှ မရှိခဲ့ဘူးလို့ ကျော်ကိုကိုက ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဒါပေမဲ့ သူ့ကို အခွင့်အရေးပေးတာ နည်းပါးပြီး သူမကျွမ်းကျင်တဲ့နေရာမှာ ကစားခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

play

 

သူမကျွမ်းကျင်တဲ့ တောင်ပံနေရာတွေမှာ ကစားခိုင်းခဲ့တာဖြစ်ပြီး ဆွေးနွေးမှုလုပ်တဲ့အခါမှာ ညာတောင်ပံကနေ ဘယ်တောင်ပံကို ပြောင်းကစားခိုင်းခဲ့တယ်လို့ ကျော်ကိုကိုက ပြောထားပါတယ်။ ဒီခြေစမ်းပွဲတွေအတွက် သူ့ဘက်က အဆင်သင့်မဖြစ်တာတွေ ပါပါတယ်လို့လည်း ကျော်ကိုကိုက ဆိုပါတယ်။

play

 

လက်ရွေးစင်အသင်းကြီးဟာ ကျော်ကိုကိုနဲ့ သီဟဇော်တို့ကို လျှော့ချခဲ့ပြီး ကစားသမား ၂၃ ယောက်နဲ့ ခြေစမ်းပွဲတွေ ဆက်လက်ကစားမှာ ဖြစ်ပါတယ်။

Photos : Mizzima

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ