Local: ကမ္ဘာ့စကိတ်ပြိုင်ပွဲအတွက် လူရွေးပွဲ ထောက်ကြန့်စကိတ်ကွင်းမှာလုပ်မယ်

ကမ္ဘာ့ချန်ပီယံပြိုင်ပွဲအတွက် ကစားသမား ၁ဝ ယောက် ရွေး ချယ်သွားမယ်လို့ ဆိုပါတယ်။

 

ကမ္ဘာ့ချန်ပီယံရှစ်စကိတ် ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မယ့်  မြန်မာ့လက်ရွေးစင်စကိတ်ကစားသမား ရွေးချယ်ပွဲကို အောက်တိုဘာ ၁၇ ရက်နဲ့ ၁၈ ရက်တို့မှာ ရန်ကုန်မြို့ ထောက်ကြန့် စကိတ်ကွင်းမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

၂၀၁၆ ကမ္ဘာ့ချန်ပီယံရှစ် စကိတ်ပြိုင်ပွဲကို လာမယ့် နိုဝင်ဘာ  ၁၈ ရက်ကနေ ၂၂ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပ သွားမှာဖြစ်ပြီး ဒီပြိုင်ပွဲကို ၀င်ပြိုင်ဖို့ မြန်မာနိုင်ငံကိုယ်စားပြု ကစားသမားတွေကို မြန်မာစကိတ် ချန်ပီယံရှစ်ပြိုင်ပွဲ ပြုလုပ်ပြီး ရွေးချယ်ဖို့ စီစဉ်ထားတယ်လို့ မြန်မာနိုင်ငံ စကိတ်စီးဝါသနာရှင်များအသင်း ဥက္ကဋ္ဌ ကိုလွင်လတ်က ပြောပါတယ်။

 

‘‘ကမ္ဘာ့ချန်ပီယံပြိုင်ပွဲဖြစ်နေတာကြောင့် တစ်နိုင်ငံလုံးကို ကိုယ်စားပြုနိုင်အောင် လူရွေးချယ်ပွဲ ကျင်းပရခြင်းဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို အမျိုးသား၊ အမျိုးသမီး  နှစ်ရာကျော်လောက် ဝင်ပြိုင်မှာပါ။ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲအတွက် ကစားသမား ၁ဝ ယောက် ရွေး ချယ်သွားမယ်’’လို့ ကိုလွင်လတ် ကပြောပါတယ်။

မလေးရှားနိုင်ငံမှာ မေလထဲမှာကျင်းပခဲ့တဲ့ တတိယအကြိမ် အာဆီယံဖရီးစတိုင် စကိတ်ချန်ပီယံရှစ်ပြိုင်ပွဲသို့  ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့  မြန်မာ စကိတ်စီး အားကစားအဖွဲ့က စကိတ်ပြိုင်ပွဲမှာ အ ဆင့် (၁၀)အတွင်း ၀င်ခဲ့လို့လာမယ့် ကမ္ဘာ့ချန်ပီယံရှစ် စကိတ်ပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ခွင့်ရရှိခဲ့တာပါ။

Source : 7DayDaily

Photos : Ko Phyo Udm Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ