Local: ရန်ကုန်ယူနိုက်တက် ဘောလုံးအကယ်ဒမီ ၂၀၁၇ မေလမှာ ဖွင့်မယ်

သင်တန်းသား လေးဆယ်ဦး လက်ခံသွားမယ်လို့ ဆိုပါတယ်။

play

 

သင်တန်းသားဦးရေ ၄၀ လက်ခံသင်ကြားပေးမယ့် မြန်မာနေရှင်နယ်လိဂ်ကလပ် ရန်ကုန်ယူနိုက်တက်အသင်းရဲ့ ဘောလုံးအကယ်ဒမီကို ၂၀၁၇ ခုနှစ်မေလမှာ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

YUFC School of Football သင်တန်းကျောင်းကို ၂၀၁၄ ဒီဇင်ဘာက စတင်ဖွင့်လှစ်ပြီး ဒီနှစ် စက်တင်ဘာတန်းခွဲ (၁၇)ကြိမ်မြောက် တန်းခွဲအထိ သင်တန်းသားဦးရေ ၁,၀၀၀ ကျော် မွေးထုတ်ပေးနိုင်ခဲ့တယ်လို့ အသင်းနည်းစနစ်ဒါရိုက်တာ ဦးဝင်းသူမိုးက ပြောပါတယ်။

play

 

‘‘မေလလောက်မှာ ဖွင့်ဖို့လုပ်နေပါပြီ။ ပထမဆုံးအကြိမ် သင်တန်းမှာ သင်တန်းသား ၄၀ ခေါ်ယူသွားမယ်။ အသက်(၈)နှစ်အရွယ် သင်တန်းသား ၂၀ နဲ့ အသက်(၁၁)နှစ်အရွယ် သင်တန်းသား ၂၀ ကို သင်ကြားပေးမှာပါ’’လို့ ဦးဝင်းသူမိုးက ပြောပါတယ်။

လူငယ်ဘောလုံး အကယ်ဒမီသင်တန်းတက်ရောက်မယ့် သင်တန်းသားတွေကို ပုဂ္ဂလိက စာသင်ကျောင်းတွေမှာ ကျောင်းစာ သင်ကြားစေမှာဖြစ်ပြီး အင်္ဂလိပ်စကားပြော၊ ဘောလုံး၊ ရေကူးနဲ့ ကိုယ်ကာယလေ့ကျင့်ခန်း သင်တန်းတို့ပါ သင်ကြားပေးမယ်လို့ ဆိုပါတယ်။

ရန်ကုန်ယူနိုက်တက် လူငယ်ဘောလုံး အကယ်ဒမီသင်တန်းကျောင်းကို တက်ရောက်လိုသူတွေအနေနဲ့ ဝင်ခွင့်စာမေးပွဲဖြေဆိုရမှာဖြစ်ပြီး သင်တန်းကြေးတွေကိုတော့ မထုတ်ပြန်ထားသေးပါဘူး။

Source : 7DayDaily

Photo : YUSC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ