Local: ရတနာပုံအက်ဖ်စီ သြစတြေးလျကစားသမားကို လျော်ကြေး သိန်းတစ်ထောင်ကျော်ပေး

အသင်းနဲ့ အံမ၀င်လို့ စာချုပ်ဖျက်သိမ်းခဲ့တာကြောင့် အခုလိုလျော်ကြေးပေးခဲ့ရတာပါ။

play

 

၂၀၁၆ မြန်မာနေရှင်နယ်လိဂ်ချန်ပီယံ ရတနာပုံအသင်းက ပြီးခဲ့တဲ့ ဘောလုံးရာသီအစမှာ စာချုပ်ဖျက်သိမ်းခဲ့တဲ့ သြစတြေးလျနိုင်ငံသား ဂျိမ်းမေယာ အား လျော်ကြေးငွေ ဒေါ်လာကိုးသောင်း (လက်ရှိပေါက်ဈေး ကျပ် သိန်း ၁,၁၀၀ ကျော်) ပေးချေခဲ့ရတယ်လို့ သိရပါတယ်။

၂၀၁၅ ဘောလုံးရာသီအစမှာ ရတနာပုံအသင်းက ဂျိမ်းမေယာကို ခေါ်ယူခဲ့ပြီး ပထမရာသီဝက်အတွင်း သူ့ရဲခြေစွမ်းက အသင်းနဲ့ အံမ၀င်လို့ စာချုပ်ဖျက်သိမ်းခဲ့တာကြောင့် ရတနာပုံအသင်းက ဒေါ်လာကိုးသောင်းပေးလျော်ခဲ့ရပြီး စက်တင်ဘာနောက်ဆုံးပတ်က ပေးချေခဲ့တယ်လို့ အသင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

play

 

‘‘ဂျိမ်းမေယာကို ပေးလျော် ရမယ့်ငွေကို အကုန်ပေးပြီးပါပြီ။ အသင်းမှာ ငွေကြေးအရှုပ်အရှင်း မရှိတော့ပါဘူး’’လို့ ရတနာပုံအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အာရှဘောလုံးအဖွဲ့ချုပ်ရဲ့သတ်မှတ်ချက်အရ ငွေကြေးစီမံမှုအပိုင်းမှာ ကစားသမားတွေနဲ့ ငွေကြေးအရှုပ်အရှင်း ကင်းရှင်းရမယ်ဆိုတဲ့အချက် ပါဝင်နေလို့ ကလပ်လိုင်စင်ပြုလုပ်ရာမှာ အနည်းငယ်ငြိစွန်းနေပေမဲ့ ယခုအခါ ဖြေရှင်းပြီးလို့ ကလပ်လိုင်စင်ရရှိမယ်လို့ ယုံကြည်ကြောင်း အသင်းတာဝန်ရှိ သူတစ်ဦးက ပြောပါတယ်။

Source : 7DayDaily

Photo : Yadanarpon FC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ