Local: အာရှဘိလိယက်ပြိုင်ပွဲမှာ မြန်မာကစားသမားအောင်ဌေး ငွေတံဆိပ်ရ

အိန္ဒိယကစားသမားကို ဗိုလ်လုပွဲမှာ ရှုံးနိမ့်ပြီး အာရှအဆင့်မှာ ဒုတိယရရှိခဲ့တာ ဖြစ်ပါတယ်။

 

အာရပ်ပြည်ထောင်စုနိုင်ငံ (UAE)က အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ အာရှဘိလိယက်ပြိုင်ပွဲ ACBS 1st ASIAN Billiard Sports Championship ပြိုင်ပွဲ၊ တစ်ဦးချင်းပွဲစဉ်မှာ မြန်မာဘိလိယက် အားကစားသမား အောင်ဌေးက ဗိုလ်လုပွဲသို့တက်ရောက်နိုင်ခဲ့ပြီး အောက်တိုဘာလ (၁)ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့  ဗိုလ်လုပွဲစဉ်မှာ အိန္ဒိယနိုင်ငံသား Siddharth Parikh ရှုံးနိမ့်ခဲ့ပြီး ဒုတိယဆု ငွေတံဆိပ် ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီပြိုင်ပွဲမှာ အာရှတိုက်နိုင်ငံပေါင်းစုံက ဘိလိယက်အားကစားသမား (၂၁) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာနိုင်ငံမှ အောင်ဌေးက အာရှအဆင့်မှာ ဒုတိယ ရရှိခဲ့တာဖြစ်ပါတယ်။

မြန်မာကစားသမားအောင်ဌေးက (၂၇)ကြိမ်နဲ့ (၂၈)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ဘိလိယက်ပြိုင်ပွဲတွေမှာ နိုင်ငံအတွက် ရွှေတံဆိပ်ရယူပေးထား သူဖြစ်ပြီး (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲမှာလည်း ရွှေတံဆိပ် ရရှိဖို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။

Source & Photos :MOI

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ