Local: ၂၀၁၇ မြန်မာလိဂ်ပြိုင်ပွဲ ဇန်နဝါရီ ၁၄ ရက်စမယ်

ဧရာဝတီဘဏ် ဖိတ်ခေါ်ဖလားနဲ့ ကမ္ဘောဇဘဏ် ဖိတ်ခေါ်ဖလားပြိုင်ပွဲတွေကျင်းပဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

play

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကဦးဆောင်ကျင်းပမယ့် ၂ဝ၁၇  မြန်မာလိဂ် ဘောလုံးပြိုင်ပွဲကို လာမယ့်ဇန်နဝါရီ ၁၄ ရက်မှာ စတင်ကျင်းပ သွားမယ်လို့ သိရပါတယ်။

‘‘၂ဝ၁၇ အတွင်းမှာ မြန်မာနိုင်ငံမှာလုပ်မယ့် နိုင်ငံတကာပွဲတွေရှိတယ်။ ဆီးဂိမ်းနဲ့ အာရှ ယူ-၂၃ အသင်းတို့ ပြိုင်ပွဲတွေ လည်းရှိနေတယ်။ ဒါကြောင့်လိဂ်ပြက္ခဒိန်ကို တည်ငြိမ်အောင် အတတ်နိုင်ဆုံးကြိုးစားနေတယ်’’လို့ မြန်မာလိဂ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က ပြောပါတယ်။

play

 

မြန်မာလိဂ် ပြိုင်ပွဲကို ၂ဝ၁၇ ဇန်နဝါရီမှ   အောက်တိုဘာအထိကျင်းပဖို့ စီစဉ်ထားပြီး၂ဝ၁၇ အတွင်း ပြည်တွင်းမှာ ဧရာဝတီဘဏ် ဖိတ်ခေါ်ဖလားနဲ့ ကမ္ဘောဇဘဏ် ဖိတ်ခေါ်ဖလားပြိုင်ပွဲတွေ လက်ခံကျင်းပဖို့ စီစဉ်ထားပြီး ဆီးဂိမ်းနဲ့ အာရှ ယူ-၂၃ ပြိုင်ပွဲတွေကိုလည်း မြန်မာဘောလုံးအသင်းတွေ ၀င်ရောက်ယှဉ်ပြိုင်ဖို့ရှိလို့  လိဂ်ပွဲစဉ်တွေ အပြောင်းအလဲမရှိအောင် ရေးဆွဲရမယ်လို့လည်း ဦးစိုးမိုးကျော်က ပြောပါတယ်။

လာမယ့် ဘောလုံးရာသီအတွက် မြန်မာလိဂ်ကစားသမား အပြောင်းအရွှေ့ဈေးကွက်ကို၂၀၁၆ အောက်တိုဘာ ၁ ရက်ကနေ ၂၀၁၇ ဇန်နဝါရီ ၁၃ရက်အထိနဲ့ ဒုတိယ အကျော့အပြောင်းအရွှေ့ဈေးကွက်ကို ဧပြီ ၁၈ ရက်ကနေ မေလ ၁၇ ရက်အထိ ဖွင့်လှစ်မယ်လို့ သိရပါတယ်။

Source : 7DayDaily

Photos : MNL

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ