Local: မြန်မာ့လက်ရွေးစင်အသင်း ဆိုက်ပရပ်စ်ကလပ်ကို အနိုင်ရ

ခြေစမ်းပွဲခြောက်ပွဲယှဉ်ပြိုင်ထားပြီး သုံးပွဲနိုင်၊ နှစ်ပွဲသရေ၊ တစ်ပွဲရှုံးရလဒ်  ရရှိထားပါတယ်။

play

 

မြန်မာ့လက်ရွေးစင်အသင်းနဲ့ ဆိုက်ပရပ်စ် ပထမတန်းကလပ် Enosis Neon Paralimni အသင်းတို့ ယှဉ်ပြိုင်ခဲ့ရာမှာ မြန်မာ့လက်ရွေးစင်အသင်းဟာ  ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါပွဲဟာ မြန်မာ့လက်ရွေးစင်အသင်းရဲ့ ဥရောပခရီးစဉ် ခြောက်ပွဲမြောက် ခြေစမ်းပွဲဖြစ်ပြီး အောက်တိုဘာ ၃ ရက်နေ့က ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

 မြန်မာအသင်းဟာ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားနိုင်ခဲ့တာ ဖြစ်ပြီး  အဖွင့်ဂိုးကို ပွဲချိန်  ၁၂ မိနစ်မှာ တိုက်စစ်မှူးအောင်သူက သွင်းယူခဲ့တာ ဖြစ်ပါတယ်။ Enosis Neon Paralimini အသင်းဟာ မြန်မာအသင်းကို ဖိအားပေးကစားခဲ့ပြီး ပွဲချိန် ၁၇  မိနစ်မှာ ချေပဂိုးပြန်လည်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

  ဒုတိယပိုင်းမှာ မြန်မာအသင်းဟာ ဆက်လက်ဖိကစားနိုင်ခဲ့ပြီး ပွဲချိန် ၅၄ မိနစ်မှာ အောင်သူ၊ ပွဲချိန် ၈၃ မိနစ်မှာ  လှိုင်းဘိုဘိုတို့က ထပ်မံသွင်းယူခဲ့ကြတာ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ ဥရောပ ခရီးစဉ်အတွင်း ခြေစမ်းပွဲခြောက်ပွဲယှဉ်ပြိုင်ထားပြီး သုံးပွဲနိုင်၊ နှစ်ပွဲသရေ၊ တစ်ပွဲရှုံးရလဒ်  ရရှိထားပါတယ်။

Photos & Source: 7Day Daily, MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ