Local: ၂၀၁၈ မြန်မာလိဂ်ပြိုင်ပွဲကို ပြိုင်ပွဲဝင် ၁၄ သင်းနဲ့ ကျင်းပမယ်

ကချင်ယူနိုက်တက်အသင်းနဲ့ စစ်ကိုင်းယူနိုက်တက်တို့ ပါဝင်လာမယ်လို့ သိရပါတယ်။

play

 

၂၀၁၈ မြန်မာလိဂ်ဘောလုံးပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်းအရေအတွက် တိုးမြှင့်ပြီး စုစုပေါင်း ၁၄ သင်းနဲ့ ကျင်းပဖို့ စီစဉ်နေတယ်လို့ ပြိုင်ပွဲကျင်းပရေးကော်မတီကနေ သိရပါတယ်။

၂၀၁၈  မြန်မာလိဂ် အမှတ်ပေးပြိုင်ပွဲမှာ ကချင်ပြည်နယ်ကိုယ်စားပြု ကချင်ယူနိုက်တက်အသင်းနဲ့ စစ်ကိုင်းတိုင်းကိုယ်စားပြု စစ်ကိုင်းယူနိုက်တက်တို့ကို ပါဝင်ယှဉ်ပြိုင်စေဖို့ လိဂ်ကော်မတီ အစည်းအဝေးမှာ မူအားဖြင့် သဘောတူညီထားတယ်လို့ မြန်မာလိဂ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က ပြောပါတယ်။

လောလောဆယ်မှာတော့  မြန်မာလိဂ် အမှတ်ပေးပြိုင်ပွဲကို အသင်း ၁၂ သင်းနဲ့ကျင်းပနေပြီး ၂၀၁၇ အမှတ်ပေးပြိုင်ပွဲကိုလည်း ဒီအရေအတွက်နဲ့ပဲကျင်းပသွားမယ်လို့ သိရပါတယ်။

play

 

မြန်မာလိဂ်ကော်မတီက ကချင်ပြည်နယ် ကိုယ်စားပြုအသင်းအတွက် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးနဲ့ ညှိနှိုင်းဆွေးနွေးနေပြီး စစ်ကိုင်းယူနိုက်တက်အသင်းနေရာမှာ လက်ရှိ မြန်မာလိဂ်-၂  ပြိုင်ပွဲဝင် မဟာယူနိုက်တက်အသင်း ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

မဟာယူနိုက်တက်အသင်းက စစ်ကိုင်းယူနိုက်တက် အသင်းအဖြစ်ပြောင်းလဲယှဉ်ပြိုင်မှာဖြစ်ကာ စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားပြု အသင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ရင် အရင်ဇေယျာရွှေမြေအသင်း အသုံးပြုခဲ့တဲ့ မုံရွာကွင်းကို အိမ်ကွင်းအဖြစ် အသုံးပြုမှာမဟုတ်ဘဲ စစ်ကိုင်းမြို့ကွင်းကို အိမ်ကွင်းအဖြစ် အသုံးပြုသွားမယ်လို့ သိရပါတယ်။

Source : 7DayDaily

Photos : MNL

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ