Local: ကမ္ဘာ့ချန်ပီယံဖြစ်ဖို့မျှော်လင့်နေတဲ့ အောင်လအန်ဆန်း

သောကြာနေ့မှာ ထိုးသတ်မယ့်ပြိုင်ပွဲကို အနိုင်ရဖို့သေချာလို့ လာရောက်ထိုးသတ်တာလို့ ဆိုပါတယ်။

play

 

လာမယ့် အောက်တိုဘာလ ၇ ရက်နေ့မှာ သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံမှာ ကျင်းပမယ့် One Championship ပြိုင်ပွဲမှာ ပြိုင်ဘက် ပိုလန်နိုင်ငံသားကို အနိုင်ယူထိုးသတ်ပြီးရင် ကမ္ဘာ့ချန်ပီယံဆုကို ရရှိဖို့မျှော်လင့်နေတယ်လို့ ဘက်စုံကိုယ်ခံပညာရှင် အောင်လအန်ဆန်းက ပြောလိုက်ပါတယ်။

အောင်လအန်ဆန်းက သောကြာနေ့မှာ ထိုးသတ်မယ့်ပြိုင်ပွဲကို အနိုင်ရဖို့သေချာလို့ လာရောက်ထိုးသတ်တာဖြစ်ပြီး မြန်မာနိုင်ငံသားတွေ ဂုဏ်ယူနိုင်အောင် ကြိုးစား ထိုးသတ်သွားမယ်လို့လည်း ပြောခဲ့ပါတယ်။

play

 

ပြိုင်ဘက် ပိုလန်နိုင်ငံသား မစ်ချယ်ပက်စတာနက်နဲ့ပွဲမှာ ပြိုင်ဘက်ကို အနိုင်ယူဖို့အတွက် သေချာလေ့ကျင့်ပြင်ဆင်ထားပြီး ပြိုင်ဘက်ရဲ့အားနည်းချက်တွေနဲ့ အားသာတဲ့အချက်တွေကိုလည်း သေသေချာချာလေ့လာထားတယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ မတ်လအတွင်းက မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်ကျင်းပခဲ့တဲ့ One Championship ပြိုင်ပွဲမှာ မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား အောင်လအန်ဆန်းက အီဂျစ်နိုင်ငံသား မိုဟာမက်အလီအကို ၂ မိနစ်နဲ့ ၃၈ စက္ကန့်မှာ အလဲထိုးအနိုင်ရထားပါတယ်။

Source : 7DayDaily

Photos : One Championship

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ