Local: ဆိုက်ပရပ်စ် ယူ ၂၁ အသင်းကို ၃-၁ ဂိုးနဲ့ မြန်မာ ရှုံးနိမ့်

ဆိုက်ပရပ်အသင်းဟာ ဥရောပ ယူ ၂၁ ချန်ပီယံရှစ်အတွက် ပြင်ဆင်နေတဲ့ အသင်းဖြစ်ပါတယ်။

play

 

ပဏာမ မြန်မာ့လက်ရွေးစင်အသင်းဟာ ဆိုက်ပရပ် ယူ ၂၁ အသင်းနဲ့ ခြေစမ်းကစားခဲ့ရာမှာ ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တယ်လို့ သိရပါတယ်။ ပထမပိုင်းပွဲချိန် မိနစ် ၂၀ ခန့်မှာ ပြစ်ဒဏ်ဘောကတစ်ဆင့် နန္ဒကျော်က မြန်မာအသင်းအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပေမဲ့ ၂ မိနစ်အကြာမှာပဲ ပင်နယ်တီပြန်လည်ပေးခဲ့ရပြီး ၁-၁ ဂိုး သရေကျခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်းပြီးခါနီး ၄၃ မိနစ်မှာပဲ မြန်မာအသင်း နောက်တန်းနဲ့ ဂိုးသမားနားလည်မှုလွဲရာကနေ ထောင့်ကန်ဘောကတစ်ဆင့် ဆိုက်ပရပ်အသင်းက ဒုတိယဂိုးထပ်မံသွင်းယူခဲ့ပါတယ်။

ဆိုက်ပရပ်အသင်းအတွက် တတိယဂိုးကို ပြစ်ဒဏ်ဘောကတစ်ဆင့်ပဲ သွင်းယူခဲ့တာဖြစ်ပြီး မြန်မာအသင်းအနေနဲ့ အပိုင်ဂိုးတွေရရှိခဲ့ပေမဲ့ သွင်းယူနိုင်ခြင်းမရှိခဲ့တာ ဖြစ်ပါတယ်။ ဆိုက်ပရပ်အသင်းဟာ ဥရောပ ယူ ၂၁ ချန်ပီယံရှစ်အတွက် ပြင်ဆင်နေတဲ့ အသင်းဖြစ်ပြီး တူရကီ ယူ ၂၁ အသင်းကို အနိုင်ရရှိထားတဲ့ အသင်းလည်း ဖြစ်ပါတယ်။

 မြန်မာအသင်းဟာ ဂိုး-ကျော်ဇင်ဖြိုး၊ နောက်တန်း - ဒေးဗစ်ထန်၊ ဇော်မင်းထွန်း၊ ဖြိုးကိုကိုသိန်း၊ နန္ဒကျော်၊ အလယ်တန်း-ရန်အောင်ကျော်၊ ရဲကိုဦး၊ မျိုးကိုထွန်း၊ ရန်နိုင်ဦး၊ အောင်သူ၊ ရှေ့တန်း- သန်းပိုင် တို့နဲ့ပွဲထွက်ခဲ့ပြီး ဒုတိယပိုင်းမှာတော့ သန်းပိုင်အစား ၀င်းနိုင်စိုး၊ မျိုးကိုထွန်းအစား မောင်မောင်လွင်၊ ရန်နိုင်ဦးအစား ဟိန်းသီဟဇော်၊ အောင်သူအစား ဆမ်လမ်မန်၊ ရဲကိုဦးအစား လှိုင်းဘိုဘိုတို့ ၀င်ရောက် ကစားသွားခဲ့ပါတယ်။

Photos & Source: MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ