Local: အင်ဒိုနီးရှားနဲ့ မြန်မာ့လက်ရွေးစင်အသင်း ခြေစမ်းမယ်

အင်ဒိုနီးရှားအသင်းဟာ စက်တင်ဘာ ၆ ရက်က မလေးရှားအသင်းနဲ့ ခြေစမ်းပွဲကစားရာမှာ သုံးဂိုးပြတ် အနိုင်ရရှိထားပါတယ်။

play

 

မြန်မာ့လက်ရွေးစင်အသင်းနဲ့  အင်ဒိုနီးရှားလက်ရွေးစင်အသင်းတို့ဟာ  ရန်ကုန်မြို့မှာ  ခြေစမ်းပွဲ ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၄ ရက် သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကစားမယ်လို့  မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားပြီး မြန်မာအသင်းနဲ့ အင်ဒိုနီးရှားအသင်းတို့ဟာ ၂၀၁၅ တုန်းက နောက်ဆုံးအကြိမ် တွေ့ဆုံထားကာ အင်ဒိုနီးရှားက ၂-၁ ဂိုးနဲ့ အနိုင်ရရှိ ထားပါတယ်။

အင်ဒိုနီးရှားအသင်းဟာ စက်တင်ဘာ ၆ ရက်က မလေးရှားအသင်းနဲ့ ခြေစမ်းပွဲကစားရာမှာ သုံးဂိုးပြတ် အနိုင်ရရှိထားပြီး အောက်တိုဘာ ၉ ရက်မှာ ဗီယက်နမ်အသင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းဟာ ဆူဇူကီးဖလားအတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေတာဖြစ်ပြီး လက်ရှိမှာ ဥရောပ ခြေစမ်းပွဲတွေ သွားရောက်ကစားနေပါတယ်။

၂၀၁၆ ဆူဇူကီးဖလားဘောလုံးပြိုင်ပွဲကို နိုဝင်ဘာ ၁၉ ရက်မှာ စတင်ကျင်းပမှာဖြစ်ပြီး မြန်မာအသင်းဟာ အုပ်စု(ခ) မှာ  ဗီယက်နမ်၊ မလေးရှား၊ ခြေစစ်ပွဲအောင်အသင်းတွေနဲ့ အတူကျရောက်နေပါတယ်။

Source: 7Day Daily
Photos: MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ