Local: ထွန်းထွန်းမင်းသရေနဲ့ တူးတူးအနိုင်ရပြီး ပရိသတ်အကြိုက်တွေ့ခဲ့တဲ့ နိုင်ငံတကာလက်ဝှေ့ စိန်ခေါ်ပွဲ

ဒေ့ဗ်ရဲ့ ထွန်းထွန်းမင်းပေါ် တုံ့ပြန်ပုံကို ပရိသတ်တွေ သဘောတွေ့ခဲ့ကြပါတယ်။

play

 

နိုင်ငံတကာ မြန်မာရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို အောက်တိုဘာ ၉ ရက်နေ့က ရန်ကုန်မြို့ သိမ်ဖြူကွင်းမှာ ကျင်းပခဲ့ပြီး ပရိသတ်အကြိုက်တွေ့ခဲ့တဲ့ ပွဲတွေ ဖြစ်ခဲ့ပါတယ်။  မြန်မာပြည်ချန်ပီယံ ထွန်းထွန်းမင်းဟာ ကနေဒါ လက်ဝှေ့သမားနဲ့ သရေကျပြီး တူးတူးကတော့ ပြိုင်ဘက် ထိုင်းမွေလက်ဝှေ့သမားကို အလဲထိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play

 

 ကနေဒါလက်ဝှေ့သမား ဒေ့ဗ်လက်ဒပ်နဲ့  ယှဉ်ပြိုင်ရာမှာ ထွန်းထွန်းမင်းဟာဟာ ပထမအချီမှာ အသာစီးရခဲ့ပေမဲ့  နောက်ပိုင်းအချီတွေမှ ဒေ့ဗ်က အပြန်အလှန်ထိုးသတ်ခဲ့တာ ဖြစ်ပါတယ်။  ငါးချီပြည့်တဲ့အထိ အလဲ ထိုးနိုင်ခြင်းမရှိတာကြောင့် သရေပွဲဖြစ်ခဲ့ပြီး ဒေ့ဗ်ရဲ့ ထွန်းထွန်းမင်းပေါ် တုံ့ပြန်ပုံကို ပရိတ်သတ်တွေ သဘောတွေ့ခဲ့ကြပါတယ်။

play

 

တူးတူးနဲ့ ဘာနီရွန်ပွဲမှာ တူးတူးအသားစီးရခဲ့ပြီး တတိယအချီမှာပဲ တူးတူးက အလဲထိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play

 

စိုးလင်းဦးနဲ့ သပြေညိုတို့ပွဲမှာ စိုးလင်းဦးက အသာစီးရရှိပေမဲ့ အလဲထိုးနိုင်ခြင်း  မရှိတာကြောင့် ပူးတွဲသရေနဲ့ ပြီးဆုံးခဲ့ပါတယ်။ စောဂေါ်မူတိုနဲ့ ဖျံသွေးတို့ပွဲဟာ မြိုင်ဆိုင်တဲ့ပွဲဖြစ်ခဲ့ပြီး ဖျံသွေးဟာ တစ်ပွဲထက်တစ်ပွဲ ပိုမိုကောင်းလာနေခဲ့ကာ အခုပွဲမှာလည်း  သူ့ရဲ့ခြေကန်ချက်တွေ၊ လက်သီးထိုးချက်တွေနဲ့ တတိယအချီမှာ ဂေါ်မူတိုကို အလဲထိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။

play

 

ရဲသွေးနီက မိုက်ရိုင်းကို တတိယအချီမှာ၊ ထွန်းလွင်မိုးက နက္ခတ်အောင်ကို ပထမအချီမှာ၊ ဖိုးလပြည့်က စောမင်းအောင်ကို တတိယအချီမှာ အလဲထိုးတွေနဲ့ အသီးသီး အနိုင်ရရှိခဲ့ကြပါတယ်။  ရဲမာန်ဟိန်းနဲ့ မင်းနိုင်ထွန်း၊ ရွှေရာမာန်နဲ့ သားအသဲတစ်ပွင့်တို့ ပွဲစဉ်တွေမှာလည်း  အရှုံးအနိုင်မပေါ်ခဲ့ဘဲ သရေနဲ့သာပြီးခဲ့ပါတယ်။

play

 

ဖိုးကေနဲ့ သွေးသစ်အောင်တို့ပွဲကတော့ ဝိတ်တန်းမမျှတာကြောင့် ပျက်ပြယ်ခဲ့ရပြီး အဆိုပါ ပွဲစဉ်တွေကို  MMA ကစားသမား အောင်လအန်ဆန် လာရောက်အားပေးခဲ့ပါတယ်။

Source: 7Day Daily
Photos : 7Day Daily, Sai Zayar Kyaw (Facebook - မြန်မာ့ရိုးရာလက်ဝှေ့ဝါသနာရှင်များ)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ