Local: ထွန်းထွန်းမင်းနဲ့ ဒေ့ဗ် မကျေပွဲ ထိုးမယ်

မြန်မာလက်ဝှေ့ကို သဘောကျတယ်လို့ ဒေ့ဗ်က ပြောထားပါတယ်။

play

 

မြန်မာပြည်ချန်ပီယံ ထွန်းထွန်းမင်းနဲ့ ကနေဒါလက်ဝှေ့သမား ဒေ့ဗ်လက်ဒပ်တို့ဟာ  လာမယ့်ဒီဇင်ဘာအတွင်းမှာ  ထပ်မံယှဉ်ပြိုင်ဖို့  စီစဉ်ထားတယ်လို့ သိရပါတယ်။  ထပ်မံယှဉ်ပြိုင်ဖို့အတွက် ဒေ့ဗ်လက်ဒပ်ကို စာချုပ်ချုပ်ပြီးကာ ဒဂုံရွှေအောင်လံပွဲမှာ ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၉ ရက်က  သိမ်ဖြူအားကစားရုံမှာ ပြုလုပ်ခဲ့တဲ့  နိုင်ငံတကာ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲမှာ ထွန်းထွန်းမင်းနဲ့ ဒေ့ဗ်လက်ဒပ်တို့ ပွဲစဉ်ဟာ အကြိတ်အနယ် ရှိခဲ့ပေမဲ့ သရေရလဒ်သာ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

ဒေ့ဗ်ရဲ့ အရပ်အမောင်းမြင့်မားမှုကြောင့် ပထမပွဲမှာ သူအခက်အခဲတွေ့ခဲ့ရတာဖြစ်ပြီး နောက်တစ်ကြိမ် ယှဉ်ပြိုင်ခွင့်ရရင် ကြိုးစားအနိုင်ယူမယ်လို့ ထွန်းထွန်းမင်းက ပြောကြားထားပါတယ်။ သူ့ရဲ့လက်ဝှေ့သမား သက်တမ်းတစ်လျှောက် ဒေ့ဗ်ဟာ ဒုတိယအခက်ခဲဆုံး ပြိုင်ဘက်ဖြစ်ပြီး ဆိုင်းရပ်စ်ကတော့  အခက်ခဲဆုံး ဖြစ်တယ်လို့လည်း ထွန်းထွန်းမင်းက ပြောထားပါတယ်။

မြန်မာလက်ဝှေ့ကို သဘောကျတယ်လို့ ဒေ့ဗ်ကပြောထားပြီး တူးတူးနဲ့ ထိုးခဲ့တဲ့ပွဲစဉ်မှာလည်း သူအသာရခဲ့ပေမဲ့ အလဲမထိုးနိုင်တာကြောင့် သရေကျခဲ့ရတာ ဖြစ်ပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ