Local: မြန်မာ့ရိုးရာခြင်းလုံး ဥရောပကိုသွားပြီး သရုပ်ပြမယ်

ဒီခရီးစဉ်မတိုင်ခင် အီရန်နိုင်ငံကို သွားရောက် သရုပ်ပြသသွားမယ်လို့ ဆိုပါတယ်။

play
၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာခြင်းလုံးအသင်းယှဉ်ပြိုင်နေစဉ်။

 

အာရှခြင်းလုံးအဖွဲ့ကဦးဆောင်ပြီး မြန်မာ့ရိုးရာ ခြင်းလုံးအားကစားကို ဥရောပနိုင်ငံတွေဖြစ်တဲ့ ဂျာမနီ၊ ပြင်သစ်နဲ့ ဆွစ်ဇာလန်နိုင်ငံ တွေကိုသွားပြီး ၂၀၁၇ နှစ်ဆန်းပိုင်းမှာ သွားရောက် သရုပ်ပြသဖို့စီစဉ်နေကာ ဒီခရီးစဉ်မတိုင်ခင် အီရန်နိုင်ငံကို သွားရောက် သရုပ်ပြသ သွားမယ်လို့ သိရပါတယ်။

play

‘‘ဥရောပခရီးစဉ် သုံးနိုင်ငံ စလုံးနဲ့ ဆက်သွယ်ထားပြီးပြီ။ သွားမယ့်ရက်အတိအကျ မသတ်မှတ် ရသေးဘူး။ အီရန်နိုင်ငံကလည်း ရိုးရာခြင်းလုံးအားကစားနည်းကို စိတ်ဝင်စားတယ်။ ဒါကြောင့် အခုနှစ် နိုဝင်ဘာအတွင်းမှာ သွားရောက်ဖို့ စီစဉ်ထားတယ်’’လို့ အာရှခြင်းလုံးအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
 

ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့(၆)ကြိမ်မြောက် တာဖီဆာ (TAFISA) ကမ္ဘာ့အားကစားပွဲတော်ကို မလေးရှား ဆီးဂိမ်းအတွက် ရည်ရွယ်လေ့ကျင့်နေတဲ့ လက်ရွေးစင်ခြင်းလုံးအားကစားသမားခြောက်ဦးက သွားရောက်သရုပ်ပြသခဲ့သေးတယ်လို့ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်ကနေ သိရပါတယ်။

Source : 7DayDaily

Photos : xinhua

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ