Local: စည်းကမ်းဖောက်ဖျက်တဲ့လက်ရွေးစင် ကစားသမားတွေကို ကလပ်အသင်းမှာလည်း အရေးယူမယ်

မိခင်ကလပ်အသင်းပွဲစဉ်တွေမှာပါ ပွဲပယ်ပြစ်ဒဏ်တွေ ချမှတ်သွားမယ်လို့ ဆိုပါတယ်။

play
ဆိုက်ပရပ်နိုင်ငံတွင် ခြေစမ်းပွဲကစားနေသည့် မြန်မာ့လက်ရွေးစင်အသင်း။

 

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းက ကစားသမားတွေအနေနဲ့ စည်းကမ်းဖောက်ဖျက်မှုတွေရှိရင် သက်ဆိုင်ရာ မိခင်ကလပ်အသင်း ပွဲစဉ်တွေမှာပါ ပွဲပယ်ပြစ်ဒဏ်တွေ ချမှတ်ဖို့ စီစဉ်ထားတယ်လို့  မြန်မာလိဂ်ကော်မတီကနေ သိရပါတယ်။

‘‘၂၀၁၇ ကျရင် လက်ရွေးစင်နဲ့ ပတ်သက်လို့ တစ်ခုခုစည်းကမ်း ဖောက်ဖျက်တာပဲဖြစ်ဖြစ်၊ တစ်ခုခုချွတ်ယွင်းတာပဲဖြစ်ဖြစ်၊ တစ်ခုခု မှားယွင်းတာပဲဖြစ်ဖြစ် လိဂ်မှာပါ အရေးယူမယ်ဆိုတဲ့ စည်းကမ်းချက်ကို ထည့်ထားတယ်’’လို့ မြန်မာလိဂ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က ပြောပါတယ်။

play

 

ဥရောပနိုင်ငံတွေမှာ လေ့ကျင့်နေတဲ့ ပဏာမမြန်မာ့လက်ရွေးစင် ဘောလုံးအသင်းက ခရီးစဉ်အတွင်း တိုက်စစ်မှူးကျော်ကိုကိုနဲ့ သီဟဇော်တို့ နှစ်ဦးကို ခရီးစဉ်မှ ပြန်လွှတ်ခဲ့ရတဲ့  အလားတူပြဿနာတွေထပ်မံ မဖြစ်ပွားစေဖို့ ကစားသမားရဲ့စည်းကမ်းဖောက်ဖျက်မှု အကြီး၊အသေးပေါ် မူတည်ပြီး အရေးယူဖို့ စီစဉ်ခဲ့တာလို့ ဆိုပါတယ်။

‘‘နောက်နောင် အလားတူပြဿနာမျိုးတွေ မရှိအောင် စံပြအနေနဲ့အရေးယူသွားမယ်။ အမှားအယွင်း သေးသေးလေးကအစ  မလုပ်မိအောင် အရေးယူသွားမယ်။ ဘောလုံးသမားတွေကိုဒုက္ခရောက် စေချင်လို့မဟုတ်ဘူး။ ပိုပြီးတော့  စည်းကမ်းတကျဖြစ်အောင်၊ ပရော်ဖက်ရှင်နယ်ဆိုတာ နားလည်အောင် ပြုလုပ်တဲ့သဘောပါ’’ လို့ ဦးစိုးမိုးကျော်က ပြောပါတယ်။

Source : 7DayDaily

Photos : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ