Local: မြန်မာ့လက်ရွေးစင်အသင်း ဥရောပလေ့ကျင့်ရေး ခရီးစဉ်ကနေ ပြန်လည်ရောက်ရှိ

ဥရောပလေ့ကျင့်ရေး ခရီးစဉ်အတွင်း ခြေစမ်းပွဲရှစ်ပွဲ ကစားခဲ့ပါတယ်။

play

  

ဥရောပ ခြေစမ်းလေ့ကျင့်ရေး ခရီးစဉ်အနေနဲ့ ဂျာမနီ၊ နယ်သာလန်နဲ့ ဆိုက်ပရပ်နိုင်ငံတွေမှာ ခြေစမ်းပွဲတွေ သွားရောက် လေ့ကျင့် ယှဉ်ပြိုင် ခဲ့တဲ့ မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်းက Emirates လေကြောင်းလိုင်းနဲ့ ဒီနေ့ မွန်းတည့် ၁၂ နာရီမှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပြန်လည်ရောက်ရှိလာတယ်လို့ သိရပါတယ်။

play

 

မြန်မာ့လက်ရွေးစင်အသင်းရဲ့ ဥရောပလေ့ကျင့်ရေးခရီးစဉ်အတွင်း ခြေစမ်းပွဲရှစ်ပွဲ ယှဉ်ပြိုင်ပြီးချိန်မှာ သုံးပွဲနိုင်၊ နှစ်ပွဲသရေ၊ နှစ်ပွဲရှုံးရလဒ် ရရှိခဲ့တယ်လို့ သိရပါတယ်။

play

 

မြန်မာ့လက်ရွေးစင်အသင်းက ဆူဇူကီးဖလားပြိုင်ပွဲ အုပ်စုအဖွင့်ပွဲအဖြစ် နိုဝင်ဘာ ၂ဝ ရက်မှာ ဗီယက်နမ်၊ နိုဝင်ဘာ ၂၃ ရက်မှာ ခြေစစ်ပွဲအောင်အသင်း၊ နိုဝင်ဘာ ၂၆ ရက်မှာ မလေးရှားအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

play

 

ဒါ့အပြင် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းက ရှမ်းယူနိုက်တက်အသင်းနောက်ခံလူ ၀င်းမင်းထွဋ်နဲ့ ယူ-၂၃ လက်ရွေးစင် ကောင်းဆက် နိုင်တို့ကို အသင်းအတွက် ထပ်မံရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။

Source & Photos : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ