Local: ကျော်ကိုကို လက်ရွေးစင်မှာပါဖို့ အခွင့်အရေးနည်းကြောင်း အသင်းအုပ်ချုပ်သူ ဦးသန်းတိုးအောင်ပြော

ဘာကို တောင်းပန်မှာလဲ၊ သူ ဘာမှားနေလို့လဲ။

play

 

ကျော်ကိုကိုအနေနဲ့ ဆူဇူကီးဖလားပြိုင်ပွဲဝင်မယ့်မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းမှာ ပါဝင်ကစားခွင့်ရဖို့ အခွင့်အရေးနည်းသွားပြီလို့  အသင်းအုပ်ချုပ်သူ ဦးသန်းတိုးအောင်က  ပြောကြားလိုက်ပါတယ်။

အသင်းရဲ့ နည်းစနစ်ပိုင်းနဲ့ အံမဝင်လို့   ပြန်လွှတ်ခံရတာကြောင့် ကျော်ကိုကိုရဲ့ ဆူဇူကီးမျှော်လင့်ချက်က နည်းပါးသွားပြီ ဖြစ်တယ်လို့ ဦးသန်းတိုးအောင်ကပြောကြားထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားတာ ဖြစ်ပါတယ်။

play

 

"သူကအသင်းမှာ ပြန်လည် ပါဝင်ခွင့်ရဖို့အတွက် နည်းပြကို တောင်းပန်မယ် ပြောတယ်။ ဘာကို တောင်းပန်မှာလဲ၊ သူ ဘာမှားနေလို့လဲ" လို့  မြန်မာ့လက်ရွေးစင်အသင်းနဲ့ အတူ ဥရောပလေ့ကျင့်ရေးခရီးစဉ်က ပြန်လည်ရောက်ရှိလာတဲ့ ဦးသန်းတိုးအောင်က ရန်ကုန်လေဆိပ်မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

play

 

ဥရောပခြေစမ်းပွဲတွေ သွားရောက်ကစားခဲ့တဲ့ ပဏာမမြန်မာလက်ရွေးစင်အသင်းဟာ အောက်တိုဘာ ၁၃ ရက်နေ့ နေ့လယ်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပြန်လည်ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ၁၄ ရက်၊ ၁၅ ရက်တွေမှာ ငွေဆောင်ကို မိသားစုဝင်တွေနဲ့အတူ အပန်းဖြေခရီးစဉ် သွားရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Photos & Source:7Day Daily, MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ