Local: ဆူဇူကီးမှာ ချန်ပီယံဖြစ်ချင်တယ်လို့ အသင်းအုပ်ချုပ်သူ ဦးသန်းတိုးအောင် ပြောကြား

အသင်းရဲ့ ကစားအားက သိသာစွာတိုးတက်လာတယ်။

play

 

၂၀၁၆ အာဆီယံဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲမှာ ဗိုလ်လုပွဲရောက်ကာ ချန်ပီယံဖြစ်ချင်တယ်လို့ ဦးသန်းတိုးအောင်က ပြောကြားလိုက်ပါတယ်။

အဆိုပါ ပြိုင်ပွဲကို မြန်မာနိုင်ငံက ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမှာဖြစ်ပြီး ရည်မှန်းချက်က ချန်ပီယံ ဖြစ်အောင် ကစားမှာလို့ ဦးသန်တိုးအောင်က ပြောထားတာ ဖြစ်ပါတယ်။ အသင်းမှာရှိတဲ့ စီနီယာကစားသမားတွေအတွက် အဆိုပါပြိုင်ပွဲက နောက်ဆုံး အခွင့်အရေးဖြစ်ပြီး အိမ်ကွင်းမှာ ချန်ပီယံဖြစ်အောင် မကစားနိုင်ရင် နောက်တစ်ကြိမ်ပိုခက်မယ်လို့လည်း ဦးသန်းတိုးအောင်က ဆိုပါတယ်။

အသင်းရဲ့ ကစားအားက သိသာစွာတိုးတက်လာပြီး အလယ်တန်းနဲ့ ရှေ့တန်း ချိတ်ဆက်မှုဟာ အရင်ကထက် အများကြီးကောင်းလာတာတွေ့ရတယ်လို့လည်း ဦးသန်းတိုးအောင်က သုံးသပ်ထားကြောင်း 7Day Daily ရဲ့သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

Photos & Source: 7Day Daily, MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ