Local: လက်ရွေးစင်အသင်းအတွက် ထပ်မံရွေးချယ်ထားသူနှစ်ဦး ရက်ပိုင်းအတွင်း အသင်းနဲ့အတူ လေ့ကျင့်မယ်

အာရှအင်အားကြီး အသင်းတစ်သင်းနဲ့ ခြေစမ်းကစားဖို့ စီစဉ်နေတယ်။

play

 

 မြန်မာ့လက်ရွေးစင်အသင်းအတွက် ထပ်မံရွေးချယ်ခံထားရတဲ့ နောက်ခံလူ ၀င်းမင်းထွဋ်နဲ့ တိုက်စစ်မှူး ကောင်းဆက်နိုင်တို့ဟာ အောက်တိုဘာ ၁၈ ရက်မှာ  အသင်းနဲ့ လေ့ကျင့်ခန်းစတင်ပြုလုပ်မယ်လို့ သိရပါတယ်။

ဥရောပခြေစမ်းခရီးစဉ်က ပြန်လည်ရောက်ရှိလာတဲ့ မြန်မာ့လက်ရွေးစင်အသင်းဟာ လေ့ကျင့်ခန်းအစီအစဉ်တွေကို အောက်တို ဘာ ၁၈ ရက်နေ့မှ ပြန်လည်စတင်မှာလည်း ဖြစ်ပါတယ်။ ၁၈ ရက် မနက်ပိုင်းမှာ လေ့ကျင့်ခန်း ပြန်လည်ပြုလုပ်သွားမှာဖြစ်ပြီး  လေ့ကျင့်ခန်း အစီအစဉ်တွေကို နှစ်ပိုင်းခွဲ လုပ်ဆောင်သွားမှာဖြစ်တယ်လို့  အသင်းမန်နေဂျာ ဦးထွန်းထွန်းအောင်က ပြောထားတာ ဖြစ်ပါတယ်။

ပဏာမကစားသမား ၂၅ ယောက်နဲ့ ဖွဲ့စည်းထားတဲ့  မြန်မာအသင်းဟာ နိုဝင်ဘာ ၄ ရက်မှာ အင်ဒိုနီးရှားလက်ရွေးစင်အသင်းနဲ့ ခြေစမ်းကစားမှာဖြစ်ပြီး ဆူဇူကီးဖလားမတိုင်မီ အာရှအင်အားကြီး အသင်းတစ်သင်းနဲ့ ခြေစမ်းကစားဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

Photos & Source: 7Day Daily, MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ