Local: ထိုင်းနဲ့ သြစတြေးလျတို့ရဲ့ ကမ္ဘာ့ခြေစစ်ပွဲကို မြန်မာနိုင်ငံမှာ ကျင်းပဖွယ်ရှိ

မြန်မာနိုင်ငံ (သို့မဟုတ်) စင်ကာပူနိုင်ငံကို အိမ်ကွင်းအဖြစ်လက်ခံကျင်းပဖို့ ထိုင်းဘောလုံးအဖွဲ့ချုပ်က စီစဉ်နေတယ်လို့ သိရပါတယ်။

play

 

ထိုင်းနဲ့ သြစတြေးလျတို့ ယှဉ်ပြိုင်မယ့် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ တတိယအဆင့်ပွဲစဉ်ကို မြန်မာနိုင်ငံမှာ လက်ခံကျင်းပဖွယ်ရှိနေတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁၃ ရက်က  ထိုင်းဘုရင် ဘူမိဘော နတ်ရွာစံခဲ့ပြီးနောက် တစ်နှစ်တာ ၀မ်းနည်းကြေကွဲမှု  သတ်မှတ်ထားကာ ဖျော်ဖြေရေး အစီအစဉ်တွေကို ရက်ပေါင်း ၃၀  မပြုလုပ်ဖို့ ထိုင်းအစိုးရက ကြေညာထားတာ ဖြစ်ပါတယ်။ ဘန်ကောက်မြို့မှာ ထိုင်းနဲ့ သြစတြေးလျပွဲကို နိုဝင်ဘာ ၁၅  ရက် ကျင်းပဖို့ စီစဉ်ထားပေမဲ့ အခုအခါမှာ မြန်မာနိုင်ငံ (သို့မဟုတ်) စင်ကာပူနိုင်ငံကို အိမ်ကွင်းအဖြစ်လက်ခံကျင်းပဖို့ ထိုင်းဘောလုံးအဖွဲ့ချုပ်က စီစဉ်နေတယ်လို့ သိရပါတယ်။

 ထိုင်းဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌက မန္တလေး မန္တလာသီရိကွင်းမှာ ကျင်းပဖို့ ဆက်သွယ်ကမ်းလှမ်းထားတာ ဖြစ်ပြီး မြန်မာနိုင်ငံက လက်ခံကျင်းပပေးဖို့ အသင့်ရှိတယ်လို့  မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးကပြောထားပါတယ်။

Source: 7Day Daily
Photos: မန္တလာသီရိ အားကစားကွင်း

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ