Local: မြန်မာ့ဘောလုံးအသင်း အောက်တိုဘာလ ၁၈ ရက်မှာ လေ့ကျင့်ရေး ပြန်စမယ်

နိုဝင်ဘာ ၄ ရက်မှာ အင်ဒိုနီးရှားလက်ရွေးစင်အသင်းနဲ့ ခြေစမ်းပွဲကစားမှာဖြစ်ပါတယ်။

play

 

အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပဖို့ရှိတဲ့ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းရဲ့ လေ့ကျင့်မှုတွေကို အောက်တိုဘာလ ၁၈ ရက်နေ့မှာ ပြန်လည်စတင်တော့မှာဖြစ်ပြီး ထပ်မံရွေးချယ်ထားတဲ့ ကစားသမားနှစ်ဦးဖြစ်တဲ့ ဝင်းမင်းထွဋ်နဲ့ ကောင်းဆက်နိုင်တို့ပါ အသင်းနဲ့ လာရောက်ပူးပေါင်းလေ့ကျင့်သွားမယ်လို့ သိရပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲမှာ အောင်မြင်မှုတွေရဖို့အတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ဥရောပနိုင်ငံတွေမှာ ခြေစမ်းပွဲ (၈) ပွဲ ယှဉ်ပြိုင်ကစားခဲ့ပြီး နိုဝင်ဘာ ၄ ရက်မှာ ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ အင်ဒိုနီးရှားလက်ရွေးစင်အသင်းနဲ့ ခြေစမ်းပွဲကစားမှာဖြစ်ကာ ဆူဇူကီးဖလားမတိုင်ခင် အာရှအင်အားကြီး အသင်းတစ်သင်းနဲ့ ခြေစမ်းပွဲကစားဖို့ ဆက်သွယ်နေတယ်လို့ သိရပါတယ်။

play

 

လာမယ့် နိုဝင်ဘာအတွင်း ကျင်းပမယ့် ၂၀၁၆ ဆူဇူကီးပြိုင်ပွဲ အုပ်စုအဆင့်ပွဲတွေကို ဖိလစ်ပိုင်နဲ့ မြန်မာနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပြီး ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာကျင်းပမယ့် အုပ်စု(ခ)မှာ မြန်မာ၊ မလေးရှား၊ ဗီယက်နမ်နဲ့ ခြေစစ်ပွဲအောင် အသင်းတို့ပါဝင်ပြီး ဖိလစ်ပိုင်မှာ ကျင်းပမယ့် အုပ်စု(က)မှာ ဖိလစ်ပိုင်၊ ထိုင်း၊ အင်ဒိုနီးရှား၊ စင်ကာပူအသင်းတို့ ပါဝင်မှာ ဖြစ်ပါတယ်။

Soruce : 7DayDaily

Photos : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ