Local: ၂၀၁၇ အာဆီယံ ယူ-၁၈ ဘောလုံးပြိုင်ပွဲကို မြန်မာနိုင်ငံမှာ ကျင်းပမယ်

မြန်မာဟာ ချန်ပီယံတစ်ကြိမ်ဖြစ်ထားပြီး ဒုတိယတစ်ကြိမ်နဲ့ စတုတ္ထလေးကြိမ် ရရှိထားပါတယ်။

play

 

၂၀၁၇ အာဆီယံ ယူ- ၁၈ ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁၆ ရက်က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ပြုလုပ်ခဲ့တဲ့  အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF)ရဲ့ ပြိုင်ပွဲကျင်းပရေးကော်မတီ အစည်းအဝေးမှာ မြန်မာနိုင်ငံကို အိမ်ရှင်အဖြစ်ကျင်းပခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၇ အာဆီယံ ယူ-၁၈ ဘောလုံးပြိုင်ပွဲကို စက်တင်ဘာလအတွင်း ရန်ကုန်မြို့မှာ ကျင်းပမှာဖြစ်ပြီး အဆိုပါပြိုင်ပွဲဟာ နှစ်စဉ်ကျင်းပနေတဲ့  အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲကို အသွင်ပြောင်းကျင်းပတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ အဆိုပါပြိုင်ပွဲကို ၂၀၁၁ မှာ  ပထမအကြိမ် လက်ခံကျင်းပခဲ့ပြီး  အခုအခါဟာ ဒုတိယအကြိမ်မြောက် လက်ခံကျင်းပတာ ဖြစ်ပါတယ်။ မြန်မာဟာ ချန်ပီယံတစ်ကြိမ်ဖြစ်ထားပြီး ဒုတိယတစ်ကြိမ်နဲ့ စတုတ္ထလေးကြိမ်ရရှိထားပါတယ်။

Photos & Source: 7Day Daily, MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ