Local: ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲမှာ မြန်မာ ဒုတိယရရှိ

အမျိုးသမီးသုံးယောက်တွဲမှာ မြန်မာအသင်းဟာ တောင်ကိုရီးယားအသင်းကို ရှုံးနိမ့်ခဲ့ပါတယ်။

play

 

ထိုင်းဘုရင့်ဖလား ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲရဲ့  သုံးယောက်တွဲ အမျိုးသားပြိုင်ပွဲမှာ မြန်မာအသင်းဟာ ဒုတိယရရှိခဲ့တယ်လို့ သိရပါတယ်။

ကျင်းပခဲ့တဲ့ (၃၁)ကြိမ်မြောက် ထိုင်းဘုရင့်ဖလား ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ (သုံးယောက်တွဲ) ဗိုလ်လုပွဲကို အောက်တိုဘာ ၁၉ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တာဖြစ်ပြီး အမျိုးသားသုံးယောက်တွဲပြိုင်ပွဲမှာ မြန်မာအသင်းဟာ မလေးရှားအသင်းကို ရှုံးနိမ့်ပြီး ဒုတိယသာ ရရှိခဲ့တာ ဖြစ်ပါတယ်။ အမျိုးသမီးသုံးယောက်တွဲ အကြိုဗိုလ်လုပွဲမှာလည်း  မြန်မာအသင်းဟာ   တောင်ကိုရီးယားအသင်းကို ရှုံးနိမ့်ခဲ့ပြီး တတိယနေရာသာရရှိခဲ့ပါတယ်။

အောက်တိုဘာ ၁၇ ရက်မှ ၂၃ ရက်အထိ ကျင်းပမယ့်  ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲမှာ  မြန်မာနိုင်ငံ ပိုက်ကျော်ခြင်း အားကစားအဖွဲ့ဟာ အသင်းလိုက်၊ သုံးယောက်တွဲ၊ နှစ်ယောက်တွဲ (အမျိုးသား၊ အမျိုးသမီး) ပြိုင်ပွဲ သုံးမျိုးစလုံးကို ၀င်ရောက်ယှဉ် ပြိုင်နေတာ ဖြစ်ပါတယ်။

အဆိုပါပြိုင်ပွဲကို အာဆီယံနိုင်ငံတွေအပြင် အာရှနိုင်ငံတွေဖြစ်တဲ့  တောင်ကိုရီးယား၊ တရုတ်၊ ဂျပန်၊ ပါကစ္စတန် စတဲ့အသင်းတွေလည်း ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိတာ ဖြစ်ပါတယ်။

Source: 7Day Daily
Photos :FESTA

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ